International Organizations
လက်ဘနွန်ကို အပြတ်အသတ်အနိုင်ရကာ အေအက်ဖ်စီ ယူ ၂၀ အမျိုးသမီး အာရှဖလားဖိုင်နယ်သို့ တရုတ် တက်လှမ်း

ရင်ချွမ်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် တရုတ်နိုင်ငံ ရင်ချွမ်းမြို့တွင် သြဂုတ် ၁၀ ရက်၌ ကျင်းပခဲ့သည့် အုပ်စု E ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွင် တရုတ်အသင်းမှ လူကျားယွိက ဟက်ထရစ်သွင်းနိုင်ခဲ့သဖြင့် လက်ဘနွန်အသင်းကို ၈-၀ ဖြင့် တရုတ်အသင်းက အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် အုပ်စုရှစ်စုပါဝင်ပြီး အုပ်စုအနိုင်ရအသင်းများနှင့် အကောင်းဆုံးအသင်းသုံးသင်းတို့က ထိုင်းနိုင်ငံတွင် ကျင်းပမည့် ဖိုင်နယ်ပွဲသို့ တက်လှမ်းရမည်ဖြစ်သည်။ တရုတ်အသင်းသည် အစောပိုင်းက ဆီးရီးယားနှင့် ကမ္ဘောဒီးယားတို့ကို ၆-၀ နှင့် ၇-၀ တို့ဖြင့် အသီးသီးအနိုင်ရရှိပြီးနောက် ခြေစစ်ပွဲ၏ နောက်ဆုံးပွဲစဥ်ဖြစ်သော ၎င်းလက်ဘနွန်နှင့်ပွဲစဉ်မတိုင်မီကတည်းက အုပ်စု E တွင် ပထမနေရာကို ရရှိထားနှင့်ပြီးဖြစ်သည်။
ပွဲချိန် ၈ မိနစ်တွင် ကျိန့်လု၏ အနိမ့်ကန်သွင်းချက်နှင့်အတူ တရုတ်အသင်းက အရှိန်ပြင်းပြင်းဖြင့် ပွဲကိုစတင်ခဲ့သည်။ လျိုလင်နှင့် ကျန်းရိချန်းတို့၏ သွင်းဂိုးများကလည်း တရုတ်အသင်းအား ဆက်လက်ဦးဆောင်စေခဲ့ပြီးနောက် လူကျားယွိက နှစ်ဂိုးဆက်တိုက် ကန်သွင်းခဲ့ကာ ပထမပိုင်းတွင် ၆-၀ ဖြင့် အသာစီးရရှိစေရန် ဆဋ္ဌမမြောက်ဂိုးကို ရှောင်းရာဖေးက ရယူပေးခဲ့သည်။
ပွဲချိန် ၆၉ မိနစ်၌ လူကျားယွိက ၎င်း၏တတိယမြောက်ဂိုးကို သွင်းယူခဲ့ကာ ပွဲချိန် ၇၅ မိနစ်တွင် ဝမ်အိုက်ဖောင်းက အနီးကပ်ကန်သွင်းသည်။ ယင်းက တရုတ်အသင်းအား ခြေစစ်ပွဲတွင် ပေးဂိုးမရှိဘဲ သွင်းဂိုး ၂၁ ဂိုးနှင့် အစွမ်းပြနိုင်စေခဲ့သည်။
တရုတ်အသင်းနည်းပြချုပ် ကောလင်းဘဲလ်က အသင်း၏စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် ၎င်း၏အသင်းအနေဖြင့် လာမည့်နှစ်ဖိုင်နယ်ပွဲမတိုင်မီ ဖော်ထုတ်ရန် ပိုမိုကောင်းမွန်သော အလားအလာများ ရှိနေသေးကြောင်း အလေးပေးပြောကြားခဲ့သည်။ (Xinhua)
——————–
(English Version)
China routs Lebanon to seal AFC Women’s U20 Asian Cup Finals spot
YINCHUAN, China, Aug. 10 (Xinhua) — Lu Jiayu netted a hat-trick as China overpowered Lebanon 8-0 in the final Group E match of the 2026 AFC U20 Women’s Asian Cup qualifiers on Sunday.
The tournament features eight groups, with all group winners and the three best runners-up advancing to the tournament finals in Thailand. China had already sealed first place in Group E before kickoff, following earlier 6-0 and 7-0 wins against Syria and Cambodia respectively.
China started strongly as Zheng Lu scored with a low shot in the 8th minute. Liu Ling and Zhang Yiqian extended the lead before Lu Jiayu struck twice, and Xiao Yafei added a sixth to establish a 6-0 halftime advantage.
Lu completed her hat-trick in the 69th minute, and Wang Aifang tapped home from close range in the 75th minute to cap the rout. China finished the qualifiers with 21 goals scored and none conceded.
China head coach Colin Bell expressed pride in his team’s performances and emphasized that the squad still has greater potential to unlock ahead of next year’s finals. ■
English Caption
Xiao Yafei (L, top) of China heads the ball during the Group E football match between China and Syria at the AFC U20 Women’s Asian Cup Qualifiers in Yinchuan, northwest China’s Ningxia Hui Autonomous Region, Aug. 6, 2025. (Photo by Gao Xiaogang/Xinhua)