Connect with us

International Organizations

၂၀၂၆-၂၀၂၇ ခုနှစ် ကမ္ဘာ့ဖလားဒိုင်ဗင်ပြိုင်ပွဲကို ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

မက္ကဆီကိုနိုင်ငံ ဂျလစ်စကိုပြည်နယ် ဂွါဒါလာဂျာရာမြို့တွင် ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) ကမ္ဘာ့ဖလားဒိုင်ဗင်ပြိုင်ပွဲ၏ အမျိုးသားနှစ်ယောက်တွဲ သုံးမီတာစပရိန်ဘုတ်ဒိုင်ဗင် ဖိုင်နယ်ပွဲ၌ တရုတ်နိုင်ငံမှ ဟူယွီခန်းနှင့် ကျိန့်ကျိုယွမ်တို့ ယှဉ်ပြိုင်စဥ် (ဆင်ဟွာ)

ဘူဒါပက်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ် World Aquatics ကမ္ဘာ့ဖလားဒိုင်ဗင်ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြို့အမည်များကို ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ် (World Aquatics) က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ် World Aquatics ကမ္ဘာ့ဖလားဒိုင်ဗင်ပြိုင်ပွဲတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့၌ ၂၀၂၇ ခုနှစ် နွေရာသီတွင် ကျင်းပမည့် World Aquatics ချန်ပီယံရှစ်သို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အားကစားသမားများ အမြင့်ဆုံးအဆင့်ဖြင့် ယှဉ်ပြိုင်ကြမည့် စူပါဖိုင်နယ်ပွဲအပါအဝင် တစ်နှစ်စီအတွက် ပြိုင်ပွဲကြီး သုံးပွဲစီ ပါဝင်မည်ဖြစ်သည်။
လက်ခံကျင်းပမည့် မြို့များနှင့် နိုင်ငံသုံးနိုင်ငံတို့တွင် ရေပေါ်ရေအောက်အားကစားပွဲကြီးများ ကျင်းပခြင်းနှင့် ထိပ်တန်းဒိုင်ဗင်အားကစားသမားများ မွေးထုတ်ပေးခြင်းတို့နှင့်ပတ်သက်၍ ရှည်လျားသော သမိုင်းကြောင်းရှိသည်။
အမျိုးသမီးတစ်ဦးချင်း သုံးမီတာ စပရိန်ဘုတ်ဒိုင်ဗင်တွင် အိုလံပစ်နှင့် ကမ္ဘာ့ချန်ပီယံ ချန်ရိဝန်က တရုတ်အမျိုးသား ရေပေါ်ရေအောက်အားကစား စင်တာတွင် ပြည်တွင်းရှိ လူအများရှေ့၌ အမိမြေတွင် ယှဉ်ပြိုင်ရရန် မျှော်လင့်စောင့်စားလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကိုယ့်နိုင်ငံမှာ ယှဉ်ပြိုင်ရတာက အမြဲတမ်း စိတ်လှုပ်ရှားစရာပါပဲ။ ပေကျင်းက ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ် စူပါဖိုင်နယ်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပရိသတ်တွေအတွက် အမှတ်တရဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ချန်က ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် World Aquatics အငယ်တန်းဒိုင်ဗင်ချန်ပီယံရှစ်ပြိုင်ပွဲကို ခရိုအေးရှားနိုင်ငံ ရီဂျက်ကာမြို့၌ ကျင်းပမည်ဖြစ်ကြောင်းလည်း World Aquatics မှ အတည်ပြုခဲ့သည်။ (Xinhua)

မက္ကဆီကိုနိုင်ငံမှ ဟွမ်းမန်နူရယ် ဆီလာယာ ဟာနန်ဒက်ဇ်နှင့် အိုစမာ အိုလ်ဗီရာ အီဘာရာတို့ ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က အမျိုးသားနှစ်ယောက်တွဲ သုံးမီတာစပရိန်ဘုတ် ဖိုင်နယ်တွင် ယှဉ်ပြိုင်စဥ် (ဆင်ဟွာ)

…………………
(English Version)
Canada, Mexico, China to host 2026-2027 Diving World Cup

BUDAPEST, Aug. 11 (Xinhua) — World Aquatics announced the host cities for the 2026 and 2027 editions of the World Aquatics Diving World Cup, which will kick off in Canada, Mexico and China.
The 2026 and 2027 World Aquatics Diving World Cup will feature three-stop events each year, including the Super Final, where athletes will compete at the highest level en route to the World Aquatics Championships scheduled for summer 2027 in Budapest, Hungary.
The three host cities and countries have a long history of staging major aquatics events and producing top divers.
Chen Yiwen, Olympic and world champion in the women’s 3m springboard, expressed anticipation to compete on home soil in front of the home crowds at China’s National Aquatic Center.
“It is always exciting to compete at home. I am proud that Beijing will host the 2026 and 2027 Super Finals. We will do our utmost to deliver a memorable performance for the fans,” Chen said.
World Aquatics also confirmed that the 2026 World Aquatics Junior Diving Championships will be held in Rijeka, Croatia. ■

English Caption (1)
Hu Yukang/Zheng Jiuyuan of China compete during the men’s Synchronized 3m springboard final at the World Aquatics Diving World Cup 2025 in Guadalajara, Jalisco, Mexico, on April 6, 2025. (Photo by Diana Marquez/Xinhua)

English Caption (2)
Juan Manuel Celaya Hernandez/Osmar Olvera Ibarra of Mexico compete during the men’s Synchronized 3m springboard final on April 6, 2025. (Photo by Diana Marquez/Xinhua)