North America
ရုရှားအနေဖြင့် အပစ်အခတ်ရပ်စဲရေးကို လက်မခံပါက အလွန်ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု ထရမ့် သတိပေး

ဝါရှင်တန်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာ ပူတင်အနေဖြင့် လာမည့် ဆွေးနွေးပွဲ၌ ယူကရိန်းနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခြင်းမရှိပါက ရုရှားအနေဖြင့် အလွန်ပြင်းထန်သော နောက်ဆက်တွဲ အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၁၃ ရက်၌ သတိပေးခဲ့သည်။
၎င်းနှင့် ပူတင်တို့ ဆွေးနွေးမှုအဆင်ပြေခဲ့ပါက ပူတင်၊ ဇယ်လန်းစကီးတို့နှင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် မျှော်လင့်ထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး အပါအဝင် ဥရောပခေါင်းဆောင်များနှင့် တယ်လီဖုန်းပြောဆိုခဲ့ပြီးနောက် ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်ထ်ကလည်း ထရမ့်-ပူတင် ဆွေးနွေးပွဲ၌ အကျိုးရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်ခဲ့ခြင်းမရှိပါက အမေရိကန်အနေဖြင့် ရုရှားအပေါ် ဒဏ်ခတ်အရေးယူမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖွယ်ရှိကြောင်း ယင်းနေ့အစောပိုင်းတွင် အရိပ်အမြွက်ပြောကြားခဲ့သည်။
ထရမ့်နှင့် ပူတင်တို့၏ သီးသန့်တွေ့ဆုံဆွေးနွေးပွဲအား အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၏ အကြီးဆုံမြို့ဖြစ်သည့် အင်းခရစ်ဂျ်မြို့တွင် ဩဂုတ် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ ထရမ့်ကမူ လာမည့်ဆွေးနွေးပွဲမှာ ကနဦး လေ့လာအကဲခတ်မည့် ဆွေးနွေးပွဲဖြစ်သည်ဟု ညွှန်းဆိုထားသည်။ (Xinhua)
………………………
(English Version)
Trump warns Russia of “very severe consequences” if ceasefire is rejected
WASHINGTON, Aug. 13 (Xinhua) — U.S. President Donald Trump on Wednesday warned that Russia would face “very severe consequences” if President Vladimir Putin refuses to agree to a ceasefire in the ongoing conflict with Ukraine during their upcoming meeting.
After a call with Ukrainian President Volodymyr Zelensky and several European leaders, Trump said that if his talks with Putin go smoothly, he hopes to hold a trilateral meeting with Putin and Zelensky in the near future.
Earlier in the day, U.S. Treasury Secretary Scott Bessent indicated that Washington could tighten sanctions on Moscow if the Trump-Putin talks fail to produce results.
The one-on-one meeting between Trump and Putin is scheduled for Friday in Anchorage, the largest city in the U.S. state of Alaska. Trump described the upcoming talks as a “feel-out meeting.” ■
English Caption
U.S. President Donald Trump takes questions during a press conference at the White House in Washington, D.C., the United States, on Aug. 11, 2025. (Xinhua/Hu Yousong)