Connect with us

Asia

အစားအသောက်ပွဲတော်က တရုတ်-ဘရူနိုင်း ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးကို မြှင့်တင်ပေး

ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီ ဘီဂါဝန်၌ "တရုတ်အစားအစာည၊ ကွမ်ရှီးဒေသ၏ ရသာမွန်" ဟု အမည်ပေးထားသည့် အခမ်းအနား၌ တရုတ်ရိုးရာ လက်ဖက်ရည်ကြမ်းနှပ်နည်းကို လက်တွေ့ပြသနေသည့် တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လျင် ခရီးသွားလုပ်ငန်း တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့အား ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ဒါဆရီ ဘီဂါဝန်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံ မြို့တော် ဘန်ဒါဆရီ ဘီဂါဝန်၌ “တရုတ်အစားအစာည၊ ကွမ်ရှီးဒေသ၏ ရသာမွန်” ဟု အမည်ပေးထားသည့် အခမ်းအနားအား ဩဂုတ် ၂၃ ရက် ညပိုင်းက ကျင်းပခဲ့ကာ တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံအကြား ရိုးရာအစားအသောက် ယဉ်ကျေးမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို လှစ်ဟပြလျက်ရှိသည်။
ထိုအခမ်းအနားအား ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြီးမှူး၍ Laksamana College of Business (LCB) ကောလိပ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ဘရူနိုင်း အစိုးရဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများ၊ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ အပါအဝင် ဧည့်ပရိသတ် ၈၀ နီးပါး တက်ရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွေ့လျင် ခရီးသွားလုပ်ငန်း တက္ကသိုလ်နှင့် ဘရူနိုင်းနိုင်ငံ LCB ကောလိပ်တို့မှ အဖွဲ့များက ယင်းတို့၏ အထင်ကရ စားသောက်ဖွယ်ရာများကို ချက်ပြုတ်ပြင်ဆင်ပေးကာ ချက်ပြုတ်နည်းများနှင့် အစားအသောက် ယဉ်ကျေးမှုတို့ကို အပြန်အလှန်ဖလှယ်ခဲ့ကြောင်း သိရသည်။
တရုတ်ရိုးရာ လက်ဖက်ရည်ကြမ်းနှပ်သည့် သရုပ်ပြမှုတွင်မူ အဆိုပါ အခမ်းအနားကျင်းပသည့် နေရာ၌ လက်ဖက်ရည်ကြမ်း ရနံ့က မွှေးပျံ့ကြိုင်လှိုင်နေခဲ့ကာ ဘရူနိုင်း ဧည့်ပရိသတ်များက ယင်းသရုပ်ပြမှုမှာ ပါဝင်ခဲ့ကြကာ လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် ကွမ်ရှီးလက်ဖက်ရည်အား မြည်းစမ်းခံစားခဲ့ကြသည်။
“အစားအသောက် ယဉ်ကျေးမှုဆိုတာ တရုတ်ရိုးရာယဉ်ကျေးမှုရဲ့ အမြတ်တနိုးထားအပ်တဲ့ ရတနာတစ်ပါးပါပဲ” ဟု ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်းကျန့်ကော်က ပြောကြားခဲ့ကာ ဟင်းလျာတစ်ခုစီတိုင်းမှာ တရုတ်နိုင်ငံ ကွမ်ရှီးဒေသ၏ တစ်မူထူးခြားသော အရသာများကို ဆောင်ကြဉ်းပေးရုံသာမက အရှေ့တောင်အာရှ အစားအသောက် ယဉ်ကျေးမှု၏ အနှစ်သာရများလည်း ပေါင်းစပ်ပါဝင်လျက်ရှိသည်ဟု အလေးအနက်ပြောကြားခဲ့သည်။
“တစ်လုတ်စားလိုက်တိုင်းမှာ ကွမ်ရှီးဒေသ၊ ဘရူနိုင်းနိုင်ငံနဲ့ အာဆီယံဒေသ တစ်ခုလုံးရဲ့အကြားမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ယဉ်ကျေးမှုချင်း ဆက်နွှယ်မှုတွေကို ခံစားသိရှိနိုင်သလို ယဉ်ကျေးမှုချင်း ကူးလူးဖလှယ်မှုနဲ့ အပြန်အလှန် နားလည်မှုတို့ရဲ့ နက်နဲတဲ့ နှစ်လိုဖွယ်ရာ ရသတွေကိုလည်း အမှန်တကယ် ကြုံတွေ့ခံစားနိုင်ပါတယ်” ဟု သံအမတ်ကြီးက ဆိုသည်။
LCB ကောလိပ်၏ စီအီးအိုနှင့် လက်ထောက်ကျောင်းအုပ်ကြီးဖြစ်သူ အက်စ် ဆီဗာရာဂျာကလည်း ထိုအခမ်းအနားမှာ နှစ်နိုင်ငံအကြား အစားအသောက်နှင့် ယဉ်ကျေးမှုဖလှယ်ခြင်းကို မြှင့်တင်ရာတွင်လည်းကောင်း၊ ချက်ပြုတ်နည်းများကို မျှဝေရာတွင်လည်းကောင်း၊ တရုတ်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရာတွင်လည်းကောင်း အရေးပါလျက်ရှိသည်ဟု အလေးထားပြောဆိုခဲ့သည်။ (Xinhua)

ချဉ်မြီးရှည် ပြုလုပ်နည်းကို အမွေဆက်ခံသူဖြစ်သည့် လီယွမ်လုံ ချက်ပြုတ်ပြင်ဆင်ပေးနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Culinary event boosts China-Brunei cultural ties
BANDAR SERI BEGAWAN, Aug. 25 (Xinhua) — The “Chinese Culinary Night: A Taste of Guangxi” event was held in Bandar Seri Begawan, the capital of Brunei, on Saturday night, showcasing traditional culinary culture and the friendship between China and Brunei.
The event was hosted by the Chinese Embassy in Brunei and took place at Laksamana College of Business (LCB). Nearly 80 guests, including Bruneian cabinet ministers, government officials, diplomats, entrepreneurs, and well-known public figures, attended the event.
Teams from Guilin Tourism University in China’s Guangxi Zhuang Autonomous Region and Brunei’s LCB prepared their characteristic dishes, exchanging cooking techniques and food culture.
During the traditional Chinese tea frying demonstration, the venue was filled with the aroma of tea. Bruneian guests participated in the process and tasted freshly fried Guangxi tea.
“Culinary culture is a precious treasure of traditional Chinese culture,” said Chinese Ambassador to Brunei Xiao Jianguo, noting that each dish not only carries the unique flavors of China’s Guangxi, but also embodies the essence of Southeast Asian culinary culture.
“Through every bite, we can taste the deep-rooted cultural connections between Guangxi, Brunei, and the entire ASEAN region, truly experiencing the profound charm of cultural exchange and mutual understanding,” said the ambassador.
S. Sivarajah, CEO and deputy principal of LCB, emphasized the significance of this event in promoting culinary and cultural exchange between the two nations, sharing cooking techniques, and enhancing the friendship between the peoples of China and Brunei.■
English Caption 1
A team from Guilin Tourism University in China’s Guangxi Zhuang Autonomous Region demonstrates the traditional Chinese tea frying technique during the “Chinese Culinary Night: A Taste of Guangxi” event in Bandar Seri Begawan, the capital of Brunei, Aug. 23, 2025. (Xinhua/Li Meng)
English Caption 2
Li Yuanlong, an inheritor of Luosifen making technique from China’s Guangxi Zhuang Autonomous Region, prepares a serving of Luosifen noodle during the “Chinese Culinary Night: A Taste of Guangxi” event in Bandar Seri Begawan, the capital of Brunei, Aug. 23, 2025. (Xinhua/Li Meng)