North America
SpaceX က Starship ဒုံးပျံ၏ ၁၀ ကြိမ်မြောက် စမ်းသပ်ပျံသန်းမှု ပြုလုပ်

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
SpaceX က ၎င်း၏ ဧရာမဒုံးပျံ Starship ၏ ဆယ်ကြိမ်မြောက် စမ်းသပ်ပျံသန်းမှုကို သြဂုတ် ၂၆ ရက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရာသီဥတုနှင့် နည်းပညာဆိုင်ရာ ပြဿနာများကြောင့် နှစ်ရက်ကြာ နှောင့်နှေးမှုများ ဖြစ်ပွားခဲ့ပြီးနောက် Starship ဒုံးပျံကို တက္ကဆက်ပြည်နယ်ရှိ SpaceX ကုမ္ပဏီ၏ Starbase စက်ရုံမှ ဗဟိုစံတော်ချိန် ညနေ ၆ နာရီ မိနစ် ၃၀ ခန့် (၂၃၃၀ ဂရင်းနစ်စံတော်ချိန်) တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
လွှတ်တင်ပြီးနောက် မကြာမီတွင် Starship ဒုံးပျံ၏ အပေါ်ဆင့်ဖြစ်သော Super Heavy အဟုန်မြှင့်ဒုံးစက်မှာ မက္ကဆီကိုပင်လယ်ကွေ့သို့ ထိန်းချုပ်ထားသည့်အတိုင်း ဆင်းသက်လာရေးအတွက် လမ်းပြောင်းပြန်ဖြစ်စေရန် အရှိန်မြှင့်မီးလောင်ကျွမ်းမှုကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ၎င်းအပေါ်ဆင့်က ပူပြင်းသော အဆင့်ခွဲထုတ်မှုအတွင်း ၎င်း၏ Raptor အင်ဂျင်များကို မီးလောင်စေခဲ့သည်။
ထိုအဟုန်မြှင့်ဒုံးစက်မှာ သမုဒ္ဒရာအတွင်း ပစ်မှတ်ထားခဲ့သော ဆင်းသက်မှုကို အောင်မြင်ခဲ့ကြောင်း SpaceX က နောက်ပိုင်းတွင် အတည်ပြုခဲ့သည်။ ယင်း Starship အပေါ်ဆင့်က ၎င်း၏ အတက်လမ်းတွင် လောင်ကျွမ်းခြင်းအား ပြီးစီးခဲ့ပြီး စီစဉ်ထားသော Coast အဆင့်သို့ ရောက်ခဲ့သည်။
ပျံသန်းပြီး ၁၈ မိနစ်ခန့်၌ တူညီသော တစ်ဆင့်နိမ့် ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်းလိုက်ကာ ပြန်လည်ဝင်ရောက်လာသောအခါတွင် လောင်ကျွမ်းမည်ဟု ခန့်မှန်းရသည့် အစစ်ကဲ့သို့ဖန်တီးထားသော Starlink ဂြိုဟ်တုများကို ထုတ်လွှတ်ခဲ့ခြင်းဖြင့် SpaceX က Starship ၏ ၎င်း၌ ပါရှိသော ပစ္စည်းများအား ဖြန့်ကြက်ချထားမှုစွမ်းရည်ကို ပထမဆုံးအကြိမ် ပြသခဲ့သည်။
အာကာသထဲတွင် Starship က ထိန်းချုပ်ထားသော ပြန်လည်ဝင်ရောက်မှုမစတင်မီ ၎င်း၏ Raptor အင်ဂျင်များထဲမှ တစ်ခုကို အောင်မြင်စွာ ပြန်လည်အသက်သွင်းနိုင်ခဲ့ပြီး နောက်ဆုံး၌ တစ်နာရီကျော်ကြာမျှ ပျံသန်းပြီးနောက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဆင်းသက်ခဲ့သည်။
SpaceX ၏ ထုတ်ပြန်ချက်အရ အဆိုပါစမ်းသပ်ပျံသန်းမှုမှာ အပေါ်ဆင့်ကို ဖမ်းယူရန်အတွက် လွှတ်တင်သည့်နေရာသို့ ပြန်သွားရန် စီမံထားသည့် ပြန်လည်ဝင်ရောက်မှု စမ်းသပ်မှုများစွာ အပါအဝင် ယခင်မစ်ရှင်များကဲ့သို့ပင် အလားတူရည်မှန်းချက်များကို ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
SpaceX launches 10th flight test of Starship rocket
LOS ANGELES, Aug. 26 (Xinhua) — SpaceX launched the tenth flight test of its giant Starship rocket on Tuesday.
Starship took off from the company’s Starbase facility in Texas at about 6:30 p.m. Central Time (2330 GMT), after two days of delays caused by weather and technical issues.
Shortly after liftoff, the Super Heavy booster executed a boostback burn to reverse course for a controlled descent into the Gulf of Mexico. Meanwhile, the Starship upper stage ignited its Raptor engines during hot-staging separation.
SpaceX later confirmed the booster achieved a targeted splashdown in the ocean. The Starship upper stage completed its ascent burn and entered a planned coast phase.
About 18 minutes into the flight, SpaceX demonstrated Starship’s payload deployment capability for the first time, releasing Starlink simulator satellites that followed the same suborbital trajectory and were expected to burn up upon reentry.
In space, Starship successfully reignited one of its Raptor engines before beginning a controlled reentry, ultimately splashing down in the Indian Ocean after just over an hour in flight.
The flight test targets similar objectives as previous missions, including multiple reentry experiments designed to return the upper stage to the launch site for catch, according to SpaceX. ■
English Caption
Photo released on April 11, 2023 by SpaceX shows the Starship rocket at the company’s launch facility in Texas, the United States. (SpaceX/handout via Xinhua)