Asia
မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုဇုန် အနီးတစ်ဝိုက်ရှိ Starlink စက်ပစ္စည်း အလုံးရေ ၂,၅၀၀ ကျော်အား ဖြတ်တောက်ဟု SpaceX ဆို
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် SpaceX ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးလိမ်လည်မှုဇုန် အနီးတစ်ဝိုက်၌ Starlink စက်ပစ္စည်း အလုံးရေ ၂,၅၀၀ ကျော်အား ရှာဖွေအတည်ပြု၍ ၎င်းတို့အား မလည်ပတ်နိုင်အောင် ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Lauren Dreyer က အောက်တိုဘာ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ “ဆက်သွယ်ရေးလိမ်လည်မှုစင်တာ အနီးတစ်ဝိုက်ဟု ယူဆရသည့်နေရာ” ၌ Starlink စက်အလုံးရေ ၂,၅၀၀ ကျော်အား ကိုယ်တိုင်ရှာဖွေအတည်ပြု၍ ၎င်းတို့အား မလည်ပတ်နိုင်အောင် ဖြတ်တောက်လိုက်ကြောင်း Lauren Dreyer က ပို့စ်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တပ်မတော်သည် မကြာသေးမီက မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ဆက်သွယ်ရေး လိမ်လည်မှုဇုန်များကို ရှင်းလင်းရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ရာ အမေရိကန် SpaceX ကုမ္ပဏီ၏ Starlink စက်ပစ္စည်း အစုံ ၃၀ အား ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အစိုးရမီဒီယာများ၏ အောက်တိုဘာ ၂၀ ရက် သတင်းဖော်ပြချက်များအရ သိရသည်။ (Xinhua)
——————
(Chinese Version)
SpaceX称识别并切断缅甸电诈园区周边逾2500台“星链”设备
新华社洛杉矶10月22日电 美国太空探索技术公司(SpaceX)副总裁劳伦·德雷尔21日在社交媒体上说,该公司已在缅甸电诈园区周边识别出超过2500台“星链”设备,并使其不能运转。
德雷尔在帖文中说,在缅甸“疑似诈骗中心周边”,该公司“主动识别”并使超过2500台“星链”设备不能运转。
据缅甸官方媒体20日报道,缅甸国防军日前对该国边境地区的电诈园区开展清剿行动,查获30套美国太空探索技术公司“星链”接收器及配件。(完)
图说:2月20日,随着中国民航包机降落在江苏南京禄口国际机场,缅甸妙瓦底地区的200名中国籍涉诈犯罪嫌疑人,经泰国被我公安机关押解回国。新华社记者 殷刚 摄
