Europe
လေယာဥ်မတော်တဆမှုကြောင့် ဗြိတိန် ဘာမင်ဂမ်လေဆိပ်ပြေးလမ်း ယာယီပိတ်ထားရ

လန်ဒန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
လေယာဥ်မတော်တဆမှုဖြစ်ပွားပြီးနောက် လေယာဥ်ပြေးလမ်း ယာယီပိတ်ထားရကြောင်း ဗြိတိန် ဘာမင်ဂမ် လေဆိပ်က ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် သြဂုတ် ၆ ရက်က အတည်ပြုခဲ့သည်။
ထုတ်ပြန်ချက်တွင် မတော်တဆမှုနှင့်ပတ်သက်ပြီး ရှင်းလင်းဖော်ပြထားခြင်းမရှိပေ။
လေဆိပ်တွင် ရောက်ရှိပြီးသား ခရီးသည်များကိုမူ လက်ခံထားမည်ဖြစ်ပြီး သတင်းထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း လေဆိပ်က ပြောကြားထားသည်။ ယင်းနေ့ နှောင်းပိုင်း ခရီးသွားမည့်သူများအား လေဆိပ်သို့ မလာရောက်မီ မိမိတို့ စီးနင်းမည့် လေကြောင်းလိုင်းအခြေအနေကို စစ်ဆေးကြရန်လည်း အကြံပြုပြောကြားထားသည်။
ယခုဖြစ်ရပ်သည် ယခင်သီတင်းပတ်က အဓိက လေဆိပ်ကြီးများအားလုံး၏ လေကြောင်းလိုင်းများ ရပ်ဆိုင်းကာ လေယာဥ်ခရီးစဥ်များ ကျယ်ကျယ်ပြန့်ပြန့်နှောင့်နှေးမှုဖြစ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)
……….
(English Version)
Britain’s Birmingham Airport runway temporarily closed following aircraft incident: media
LONDON, Aug. 6 (Xinhua) — Britain’s Birmingham Airport confirmed on its social media on Wednesday that following an aircraft incident, the runway of the airport has been temporarily closed.
The statement did not indicate the nature of the incident.
The airport said it will keep passengers already at the airport informed. Those due to travel later today are advised to check the status of their flight before coming to the airport.
This incident came after a widespread flight disruption last week, when flights at all major airports were brought to a standstill.