Connect with us

International Organizations

ကမ္ဘာ့ချန်ပီယံရှစ်တွင် Seville နှင့် Jefferson-Wooden တို့ ကမ္ဘာ့အမြန်ဆုံးအမျိုးသားနှင့် အမျိုးသမီး ဖြစ်လာ

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲများတွင် အမေရိကန်နိုင်ငံမှ Melissa Jefferson-Wooden (ရှေ့တန်း) ကို ၂၀၂၅ ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် စံချိန်သစ်နှင့်အတူ အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲ ဗိုလ်လုပွဲအပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တိုကျို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ဂျမေကာနိုင်ငံမှ Oblique Seville နှင့် အမေရိကန်နိုင်ငံမှ Melissa Jefferson-Wooden တို့သည် အမျိုးသားနှင့် အမျိုးသမီး ၁၀၀ မီတာ အပြေးပြိုင်ပွဲများတွင် အမြန်ဆုံး အမျိုးသားနှင့်အမျိုးသမီးများအဖြစ် ချန်ပီယံဆုများကို စက်တင်ဘာ ၁၄ ရက်တွင် အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။
Seville သည် ၉.၇၇ စက္ကန့်ဖြင့် ၎င်း၏သက်တမ်းတစ်လျှောက်အကောင်းဆုံးရလဒ်ရရှိခဲ့ပြီး Kishane Thompson (၉.၈၂) က ငွေတံဆိပ်၊ အိုလံပစ်နှင့်ကမ္ဘာ့ချန်ပီယံ Noah Lyles (၉.၈၉) က ကြေးတံဆိပ် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် Seville သည် ၂၀၁၆ ခုနှစ် Usain Bolt ၏ အောင်မြင်မှုပြီးနောက် ဂျမေကာနိုင်ငံ၏ ပထမဆုံးအမျိုးသား မီတာ ၁၀၀ ကမ္ဘာ့ချန်ပီယံဆုကို အရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ပထမဆုံးရွှေတံဆိပ်လည်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်တွင် နံပါတ်ရှစ်နေရာနှင့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ များတွင် နံပါတ်လေးနေရာ နှစ်နှစ်ဆက်တိုက်ရရှိခဲ့သူလည်းဖြစ်သည်။
“ဂျမေကာနိုင်ငံအတွက် အတွက် ရွှေတံဆိပ်ပြန်လည်ရယူနိုင်တာဟာ မယုံနိုင်လောက်အောင် ခံစားနေရပါတယ်” ဟု Seville ကပြောဆိုခဲ့သည်။ “တိုကျိုမှာ ကျွန်တော်တို့ နည်းပြနဲ့အတူ Usain ‌ရှေ့မှာ အနိုင်ရရှိခဲ့တာဟာ တကယ့်ကို ထူးခြားကောင်းမွန်တဲ့အခိုက်အတန့်ဖြစ်ပါတယ်၊ ကျွန်တော်ဟာ ချန်ပီယံအစစ်ဆိုတာ ပြသနိုင်ခဲ့ပါပြီ”
အသက် ၂၅ နှစ်အရွယ် Jefferson-Wooden သည်လည်း အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ၁၀.၆၁ စက္ကန့်ဖြင့် ကမ္ဘာ့ချန်ပီယံ စံချိန်သစ်တစ်ခုတင်နိုင်ကာ ၎င်း၏ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းမှာ ၂၀၂၃ ခုနှစ်က Sha’Carri Richardson ၏ ၁၀.၆၅ စံချိန်ကို မှေးမှိန်စေခဲ့သည်။
ပဲရစ်အိုလံပစ် ကြေးတံဆိပ်ဆုရှင်နှင့် အမေရိကန် မီတာ ၁၀၀ လေးယောက်လက်ဆင့်ကမ်းအသင်း၏ အဓိက ပြိုင်ပွဲဝင်ဖြစ်သူ Jefferson-Wooden သည် ကမ္ဘာ့ချန်ပီယံနှင့် အိုလံပစ်ချန်ပီယံဆုနှစ်ဆုရရှိခဲ့သူဖြစ်ပြီး ဂျမေကာနိုင်ငံမှ Tina Clayton (၁၀.၇၆)နှင့် အိုလံပစ်ချန်ပီယံ စိန့်လူစီယာနိုင်ငံမှ Julien Alfred (၁၀.၈၄) တို့ထက် တစ်ပန်းသာခဲ့သည်။
“ဒါက အိပ်မက်မက်ခဲ့ရတဲ အခိုက်အတန့်ပါ”ဟု Jefferson-Wooden ပြောခဲ့သည်။ “ဒီနှစ်မှာကြိုးစားခဲ့ရတာတွေ အရာထင်ခဲ့ပါပြီ” (Xinhua)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲ ဗိုလ်လုပွဲအပြီး အမေရိကန်နိုင်ငံမှ ရွှေတံဆိပ်ဆုရှင် Melissa Jefferson-Wooden (ယာ) အောင်ပွဲခံ နေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် အမျိုးသမီး မီတာ ၁၀၀ အ‌ပြေးပြုင်ပွဲ ဖိုင်နယ်ပွဲမတိုင်မီ အားကစားသမားများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ အမျိုးသမီး မီတာ ၁၀၀ ပြေးပွဲ ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံမှ Melissa Jefferson-Wooden (ယာ) ပန်းဝင်လာသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲများတွင် အမျိုးသားမီတာ ၁၀၀ ပြေးပွဲ ဖိုင်နယ်ပွဲပြီးနောက် ဂျမေကာနိုင်ငံမှ ရွှေတံဆိပ်ဆုရှင် Oblique Seville (အလယ်)၊ ဂျမေကာနိုင်ငံမှ ငွေတံဆိပ်ဆုရှင် Kishane Thompson (ယာ)နှင့် အမေရိကန်နိုင်ငံမှ ကြေးတံဆိပ်ဆုရှင် Noah Lyles တို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ အမျိုးသားမီတာ ၁၀၀ ပြေးပွဲ ဖိုင်နယ်ပွဲ အပြီး အောင်ပွဲခံနေသည့် ဂျမေကာနိုင်ငံမှ Oblique Seville ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ အမျိုးသားမီတာ ၁၀၀ ပြေးပွဲ ဗိုလ်လုပွဲတွင် ယှဥ်ပြိုင်နေကြသည့် ဂျမေကာနိုင်ငံမှ Oblique Seville of Jamaica ၊ အမေရိကန်မှ Kenneth Bednarek နှင့် ဂျမေကာနိုင်ငံမှ Kishane Thompson နှင့် အမေရိကန်မှ Noah Lyles (ယာမှဝဲ) တို့ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

…………..
(English Version)
Seville, Jefferson-Wooden crowned world’s fastest man and woman at World Championships
TOKYO, Sept. 14 (Xinhua) — Jamaica’s Oblique Seville and American Melissa Jefferson-Wooden were crowned the world’s fastest man and woman after storming to 100m titles at the World Athletics Championships on Sunday.
Seville clocked a personal-best 9.77 seconds, finishing ahead of compatriot Kishane Thompson (9.82) and defending Olympic and world champion Noah Lyles of the United States (9.89), who took silver and bronze.
The 24-year-old’s breakthrough marked Jamaica’s first men’s 100m world title since Usain Bolt’s 2016 victory, and his own maiden global gold, following eighth place at the 2024 Paris Olympics and fourth at both the 2022 and 2023 worlds.
“It’s an incredible feeling to bring the gold back to Jamaica,” Seville said. “Winning in front of Usain here in Tokyo, with his coach as mine, makes this moment truly special. I’ve shown I’m a true champion.”
Jefferson-Wooden, 25, captured her first individual global crown in the women’s 100m, setting a championship record of 10.61 seconds to eclipse Sha’Carri Richardson’s 10.65 mark from 2023.
A bronze medalist in Paris and a key member of the U.S. 4x100m relay teams that won the last two world and Olympic titles, she outpaced Jamaica’s Tina Clayton (10.76) and Olympic champion Julien Alfred of Saint Lucia (10.84).
“This is the moment I’ve dreamed of,” Jefferson-Wooden said. “Everything I’ve worked for this year has paid off.”
Photo (1) Melissa Jefferson-Wooden (front) of the United States poses with the new World Athletics Championships record after the women’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Lui Siu Wai)
Photo (2) Gold medalist Melissa Jefferson-Wooden (R) of the United States celebrates after the women’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Ju Huanzong)
Photo (3) Players react before the women’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Ju Huanzong)
Photo (4) Melissa Jefferson-Wooden (L) of the United States crosses the finish line during the women’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Jiang Han)
Photo (10) Gold medalist Oblique Seville (C) of Jamaica, silver medalist Kishane Thompson (L) of Jamaica and bronze medalist Noah Lyles of the United States pose after the men’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Song Yanhua)
Photo (11) Oblique Seville of Jamaica celebrates after the men’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Jiang Han)
Photo (12) Oblique Seville of Jamaica, Kenneth Bednarek of the United States, Kishane Thompson of Jamaica and Noah Lyles of the United States (from L to R) compete during the men’s 100m final at the 2025 World Athletics Championships in Tokyo, Japan, Sept. 14, 2025. (Xinhua/Jiang Han)