Asia
တရုတ်နိုင်ငံက စင်ကာပူနိုင်ငံ၏အဓိကခရီးသွားဧည့်သည့်အရင်းအမြစ်အဖြစ် သြဂုတ်လတွင် ဆက်လက်ဦးဆောင်

စင်ကာပူ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံတွင် သြဂုတ်လအတွင်း တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ စုစုပေါင်း ၃၉၈,၀၀၀ ဦးကျော် ရှိခဲ့ကြောင်း မြို့ပြနိုင်ငံ၏ထိပ်တန်းစျေးကွက်အရင်းအမြစ်ဖြစ်သည့် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က စက်တင်ဘာ ၁၅ ရက်၌ မှတ်ချက်ပြုပြောကြားခဲ့သည်။
ယခင်လက စင်ကာပူနိုင်ငံသို့ နိုင်ငံတကာမှလာရောက်လည်ပတ်သူ ၁.၆ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ် သြဂုတ်လနှင့်နှိုင်းယှဥ်လျှင် ၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟုသိရသည်။
၂၀၂၅ ခုနှစ် ပထမရှစ်လအတွင်း တရုတ်နိုင်ငံမှ စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သူ ၂.၃ သန်းရှိခဲ့ပြီး တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံ၏အဓိကခရီးသွားစျေးကွက်အဖြစ်ဆက်လက်ဦးဆောင်နေပြီး ယင်းနောက်တွင် အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့က ဆက်လက်ရပ်တည်ကြောင်းသိရသည်။
ဇန်နဝါရီ မှ သြဂုတ် အထိ စင်ကာပူနိုင်ငံသို့ နိုင်ငံတကာမှလာရောက်လည်ပတ်သူ ၁၁.၆ သန်းရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၂.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China remains Singapore’s top source of visitors in August
SINGAPORE, Sept. 16 (Xinhua) — More than 398,000 visitor arrivals from China were recorded in Singapore in August, making it the city-state’s top source market, the Singapore Tourism Board said on Monday.
Singapore recorded a total of 1.6 million international visitor arrivals last month, up 4.5 percent from the same month in 2024.
For the first eight months of 2025, China continued to lead as Singapore’s main source market with 2.3 million arrivals, followed by Indonesia and India.
Overall, international arrivals from January to August reached 11.6 million, a 2.7 percent increase from the same period last year.
Photo : Tourists shop at the souvenir shop of Singapore’s Night Safari in Singapore, June 23, 2025. (Xinhua/Then Chih Wey)