Connect with us

International Organizations

Ballon d’Or ဆု ဆွတ်ခူးရေးကို လာမင်းယမားလ် စိတ်ရှည်စွာစောင့်ဆိုင်းနေ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ Theatre du Chatelet ၌ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် Ballon d'Or ပြင်သစ်ဘောလုံးဆုပေးပွဲအခမ်းအနားတွင် အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားဆု (Kopa Trophy) ဆုကို လက်ခံရယူပြီးနောက် စကားပြောကြားနေသော ဘာစီလိုနာ၏ စပိန်လက်ရွှေးစင်ကစားသမား လာမင်းယမားလ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
Ballon d’Or ဆုကို ဆွတ်ခူးရရှိရေးအတွက် စိတ်ရှည်လက်ရှည်စောင့်ဆိုင်းသွားမည်ဖြစ်ကြောင်း ဘာစီလိုနာတိုက်စစ်မှူး လာမင်းယမားလ်က ၎င်း၏ လူမှုကွန်ရက်၌ မကြာသေးခင်က ရေးသားခဲ့သည်။
ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်ကစားသမားဖြစ်သော ယမားလ်သည် မကြာသေးခင်က အသက် ၁၈ နှစ်ပြည့် မွေးနေ့ပွဲဆင်နွှဲခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်က ပဲရစ်မြို့၌ပြုလုပ်ခဲ့သော Ballon d’Or ဆုပေးပွဲတွင် ပီအက်စ်ဂျီတိုက်စစ်မှူး အူစမာနီဒမ်ဘီလီပြီးနောက် ဒုတိယအကောင်းဆုံးကစားသမား အဖြစ်သာ ရွေးချယ်ခံခဲ့ရသည်။
ဘာစီလိုနာမှာ ယမန်နှစ်ရာသီက လာလီဂါအမှတ်ပေးချန်ပီယံဆုနှင့် စပိန်ဘုရင့်ဖလားကို ရယူနိုင်ခဲ့သလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ခဲ့ရာတွင် ဦးဆောင်ကစားသမားအဖြစ် အထင်ကြီးစရာစွမ်းဆောင်ပြနိုင်ခဲ့သည့် ယမားလ်အား Ballon d’Or ဆု ဆွတ်ခူးတော့မည်ဟူသော သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့သည်။
“ဘုရားသခင်ရဲ့ အစီအစဉ်တွေက ပြီးပြည့်စုံပြီးသားပါ။ အထွတ်အထိပ်ကို ရောက်အောင်တက်နိုင်ဖို့ပဲ လိုပါတယ်” ဟု ဆယ်ကျော်သက်လေး ယမားလ်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Ballon d’Or ဆုနှင့် လွဲချော်သွားခဲ့သော်လည်း ကမ္ဘာတစ်ဝန်းမှ အသက် ၂၁ နှစ်နှင့်အောက် အကောင်းဆုံးလူငယ်ကစားသမားကို ရွေးချယ်ပေးအပ်သော Kopa Trophy ဆုကိုမူ ယမားလ်က နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည်။
“Kopa Trophy ဆုကို နှစ်နှစ်ဆက်တိုက်ဆွတ်ခူးနိုင်လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်။ ဒမ်ဘီလီကိုလည်း သူ့ရဲ့ပြီးပြည့်စုံတဲ့ ဘောလုံးရာသီနဲ့ Ballon d’Or အောင်မြင်မှုဆုအတွက် ချီးကျူးဂုဏ်ပြုပါတယ်” ဟု ယမားလ်က ၎င်း၏ လူမှုကွန်ရက်တွင် ဆက်လက်ရေးသားခဲ့သည်။ (Xinhua)


……………………
(English Version)
Lamine Yamal willing to wait to win Ballon d’Or
MADRID, Sept. 23 (Xinhua) — FC Barcelona forward Lamine Yamal remains patient in his pursuit of the coveted Ballon d’Or, as suggested by his recent social media post.
The Barcelona and Spain player, who recently celebrated his 18th birthday, was named second behind Paris Saint-Germain’s Ousmane Dembele in Monday’s star-studded presentation in Paris.
Despite his impressive performance in leading Barca to both a league and cup double in Spain and reaching the Champions League semifinals last season, Yamal recognizes that his opportunity to claim the Ballon d’Or will come.
“God’s plan is perfect, you have to climb to get to the summit,” wrote the teenager on his social media.
Meanwhile, though he missed out on the Ballon d’Or, Yamal retained the Kopa Trophy for the best young player for a second consecutive year.
“I am happy for the Trophy Kopa X2 and I want to congratulate Dembele for his award and a great season,” he added. ■
Photo:
Barcelona’s Spanish player Lamine Yamal speaks after receiving the Kopa Trophy for the best under-21 player during the 2025 Ballon d’Or France Football award ceremony at the Theatre du Chatelet in Paris, France, on Sept. 22, 2025. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.