Connect with us

International Organizations

ဒူးကောက်ကြောဒဏ်ရာကြောင့် ဘာစီလိုနာ နောက်ခံလူ ဘယ်လ်ဒီ တစ်လဝန်းကျင် အနားယူရမည်

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ စန်တီယာဂိုဘာနေဗျူး၌ ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏ လာလီဂါပွဲတွင် ရီးရဲလ်မက်ဒရစ်မှ ဂျုဒ်ဘယ်လင်ဂန်(ဝဲ)နှင့် ဘောလုံးယှဥ်လုနေသည့် အလီဂျန်ဒရို ဘယ်လ်ဒီအား ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာ ၂၆ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ဘာစီလိုနာနောက်ခံလူ အလီဂျန်ဒရို ဘယ်လ်ဒီမှာ ဒူးကောက်ကြောဒဏ်ရာတစ်ခုရရှိသွားခဲ့ပြီး တစ်လဝန်းကျင် အနားယူရမည်ဖြစ်ကြောင်း ဘာစီလိုနာက စက်တင်ဘာ ၃ ရက်က အတည်ပြုကြေညာခဲ့သည်။
ဘာစီလိုနာဝက်ဆိုက်မှ အတည်ပြုထုတ်ပြန်ချက်အရ ဘယ်လ်ဒီမှာ ဘာစီလိုနာ၏ သီတင်းပတ်ကုန် နောက်ဆုံးလေ့ကျင့်ရေးတွင် ဘယ်ဘက်ခြေထောက်၌ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း၊ ပြန်ကစားနိုင်မည့်အချိန်မှာ ကစားသမား၏ ဒဏ်ရာကောင်းမွန်တိုးတက်မှုအပေါ်တွင် မူတည်ကြောင်း ဖော်ပြထားသည်။
ဘယ်လ်ဒီသာ သီတင်း ၄ ပတ်ဝန်းကျင် အနားယူရမည်ဆိုပါက ဗလန်စီယာ၊ ဂီတာဖေး၊ အိုဗီဒို၊ ရီးရဲလ်ဆိုစီဒက်နှင့် လာလီဂါပွဲစဥ်များကို လွဲချော်မည်ဖြစ်ကြောင်း၊ ဘာစီလိုနာ၏ နယူးကာဆယ်နှင့် ချန်ပီယံလိဂ်ပထမဆုံးပွဲကိုပါ လွဲချော်မည်ဖြစ်သလို ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲကိုလည်း ဆက်လက်လွဲချော်နိုင်ကြောင်း သိရသည်။
ဘယ်လ်ဒီမှာ ပြီးခဲ့သည့်ရာသီအကုန်ကလည်း ဒူးကောက်ကြောဒဏ်ရာတစ်ခုရခဲ့ပြီး အင်တာမီလန်နှင့် ချန်ပီယံလိဂ်ဆီမီးပွဲ၊ ရီးရဲလ်နှင့် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲများကို လွဲချော်ခဲ့ကြောင်းသိရသည်။
ဘာစီလိုနာအတွက် ကောင်းသတင်းတစ်ရပ်မှာ ကစားသမားအပြောင်းအရွှေ့စျေးကွက်ပိတ်သည့် စက်တင်ဘာ ၁ ရက်ညမတိုင်ခင် ဂျရတ်မာတင်အား ပထမအသင်းလူစာရင်းတွင် မှတ်ပုံတင်နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျရတ်မာတင်အား ဘယ်လ်ဒီ၏ ဘယ်အစွန်ခံစစ်နေရာတွင် အစားထိုးအသုံးပြုနိုင်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
Hamstring injury to sideline Barca’s Balde for around a month
MADRID, Sept. 3 (Xinhua)
FC Barcelona defender Alejandro Balde has suffered a hamstring injury, which could keep him out of action for around a month, the club confirmed on Wednesday.
The defender suffered the injury in the club’s final training session of the week, with the Barcelona website confirming the injury was in his left leg, adding “his availability will depend on how he progresses.”
If Balde is sidelined for around four weeks, he will miss La Liga matches against Valencia, Getafe, Oviedo and Real Sociedad, as well as Barca’s Champions League debut against Newcastle United and possibly the next match against Paris Saint-Germain.
Balde suffered another hamstring injury at the end of last season and missed the Champions League semifinal against Inter Milan and the Copa del Rey final against Real Madrid.
The good news for Barcelona is that the club was able to register Gerard Martin in its first team squad before the transfer window closed on Monday night and Martin is Balde’s most likely replacement at left back. ■
Photo:
Jude Bellingham (L) of Real Madrid vies with Alejandro Balde of FC Barcelona during the La Liga football match between Real Madrid and FC Barcelona in Santiago Bernabeu stadium, Madrid, Spain, on Oct. 26, 2024. (Photo by Gustavo Valiente/Xinhua)