Africa & Middle East
တရုတ်နိုင်ငံမှ အာဖဂန်နစ္စတန်နိုင်ငံအား အကူအညီပေးသည့် ပထမဆုံးအသုတ် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့သို့ ပို့ဆောင်ရောက်ရှိ

ကဘူးလ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရမှ အာဖဂန်နစ္စတန်နိုင်ငံအား အကူအညီပေးသည့် ပထမဆုံးအသုတ် ငလျင်ဘေး ကယ်ဆယ်ရေးပစ္စည်းများသည် စက်တင်ဘာ ၇ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်သို့ ပို့ဆောင်ရောက်ရှိခဲ့သည်။
ပထမဆုံးအသုတ် ကူညီမှုများတွင် ရွက်ဖျင်တဲ၊ ခြုံထည် စသည့် ငလျင်ဒဏ်သင့်ဒေသ၌ အရေးကြီးလိုအပ်သည့် ပစ္စည်းများ ပါဝင်ပြီး တရုတ်နိုင်ငံ လေတပ် Y-20 လေယာဉ် နှစ်စင်းဖြင့် တာဝန်ယူ ပို့ဆောင်ခဲ့သည်။ အဆိုပါပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ပေါင်းရွှိဟွေး၊ အာဖဂန်နစ္စတန်နိုင်ငံ ကျေးလက် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Sharafuddin Muslim နှင့် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သဘာဝဘေး စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ လခြမ်းနီအသင်း (ARCS) ကိုယ်စားလှယ်များ စသည်တို့ တက်ရောက်ခဲ့ကြသည်။
အာဖဂန်နစ္စတန်နိုင်ငံ Kunar စသည့်ပြည်နယ်များ၌ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်ပစ္စည်းဥစ္စာပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ဒေသရှိ ပြည်သူများ အခက်အခဲကို ကျော်ဖြတ်ရာ၌ ကူညီပေးရန် တရုတ်နိုင်ငံအစိုးရက အာဖဂန်နစ္စတန်ထံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ ပံ့ပိုးပေးရန် အစောဆုံး ဆုံးဖြတ်ခဲ့ရာ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက အာဖဂန်နစ္စတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအပေါ် နက်ရှိုင်းသောသံယောဇဉ်ကို ပေါ်လွင်စေကြောင်း၊ အာဖဂန်နစ္စတန်အစိုးရ၏ ဦးဆောင်မှုအောက်တွင် ငလျင်ဒဏ်သင့်ဒေသမှပြည်သူများက အခက်အခဲအား ဆောလျင်စွာကျော်ဖြတ်နိုင်ပြီး မိသားစုဥယျာဉ် ပြန်လည်တည်ဆောက်နိုင်ရန် မျှော်လင့်ကြောင်း ပေါင်းရွှိဟွေးက ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံအစိုးရ၏ ပထမဆုံးအသုတ် အရေးပေါ် အကူအညီပစ္စည်းများသည် အလွန်မြန်ဆန်စွာရောက်ရှိလာကြောင်း၊ ယင်းသည် အာဖဂန်နစ္စတန် ငလျင်ဒဏ်သင့်ဒေသ ပြည်သူများအတွက် ကြီးမားသော ထောက်ခံအားပေးမှုနှင့် ကူညီမှုပင်ဖြစ်ကြောင်း၊ အာဖဂန်နစ္စတန်နိုင်ငံ အကြီးအကဲအနေဖြင့် တရုတ်နိုင်ငံ၏ စိတ်ရင်းစေတနာအမှန်ဖြင့် နှစ်သိမ့်အားပေးမှုနှင့် အဖိုးတန်သော ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ အာဖဂန်နစ္စတန်ဘက်က တရုတ်ပြည်သူများ၏ အာဖဂန်နစ္စတန် ပြည်သူများအပေါ် ချစ်ကြည်ရင်းနှီးသော သံယောဇဉ်အား ထာဝစဉ် မှတ်သားသွားမည်ဖြစ်ကြောင်း Sharafuddin Muslim က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
中国首批援阿富汗抗震救灾物资运抵喀布尔
新华社喀布尔9月7日电(记者聂新宇 李昂)中国政府首批援助阿富汗紧急人道主义救灾物资7日运抵阿首都喀布尔。
首批援助包括帐篷、毛毯等灾区急需物资,由中国空军两架运-20飞机承运。中国驻阿富汗使馆临时代办包旭辉,阿富汗乡村振兴和发展部副部长穆斯利姆以及阿外交部、灾害管理部、红新月会代表等出席物资交接仪式。
包旭辉表示,阿富汗库纳尔等省发生强烈地震,造成重大人员伤亡和财产损失。为帮助灾区人民渡过难关,中国政府第一时间决定向阿提供紧急人道主义物资援助,充分体现中国政府和人民对阿富汗政府和人民的深厚情谊。相信在阿政府领导下,灾区人民一定能够早日克服困难,重建家园。
穆斯利姆表示,地震发生后,中国政府首批紧急物资援助很快运抵,这是对阿灾区人民的巨大支持和帮助。阿领导人感谢中方的诚挚慰问和宝贵支持,阿方将永远铭记中国人民对阿富汗人民的友好情谊。(完)
图说:9月7日,在阿富汗喀布尔,工作人员从中国空军运-20飞机上卸载援助阿富汗的救灾物资。新华社记者 李昂 摄