Europe
စပိန်က စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း အပါအဝင် အစ္စရေးအပေါ် အရေးယူသည့် အစီအစဉ်များကို ကြေညာ

မက်ဒရစ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)
စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ဝန်ကြီးချုပ်အိမ်တော်ဖြစ်သည့် ပလာစီယို ဒယ်လာ မွန်ကလိုအာ၌ စက်တင်ဘာ ၈ ရက်က ရုပ်သံမိန့်ခွန်း ပြောကြားစဉ်အတွင်း အစ္စရေးနှင့် သက်ဆိုင်သော အစီအစဉ်များအား ကြေညာခဲ့သည်။
ဆန်းချက်ဇ်က ၎င်း၏အစိုးရ လုပ်ဆောင်သွားမည့် အစီအစဉ် ၉ ခုအား ကြေညာခဲ့ကာ စပိန်အစိုးရအနေဖြင့် အစ္စရေးအပေါ် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းအား အာဏာသက်ဝင်စေမည့် အမိန့်တစ်ရပ်ကို စက်တင်ဘာ ၉ ရက်၌ အတည်ပြုသွားမည်ဟု ကြေညာခဲ့သည်။
စပိန်အနေဖြင့် စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရုံသာမက အစ္စရေးထံ စစ်လက်နက်များ သယ်ယူပို့ဆောင်ပေးသည့် လေယာဉ်များနှင့် အစ္စရေးစစ်တပ်အတွက် လောင်စာဆီ သယ်ဆောင်ပေးသည့် သင်္ဘောများအား စပိန်လေပိုင်နက်နှင့် ဆိပ်ကမ်းများဆီသို့ ဝင်ရောက်ခွင့် ပိတ်ပင်ထားမည်ဟုလည်း သိရသည်။ ထို့ပြင် တရားမဝင် အစ္စရေးအခြေချနေရာများမှ ရောက်ရှိလာသည့် ထုတ်ကုန်များကို ပိတ်ပင်ခြင်း၊ ကုလသမဂ္ဂ၏ ပါလက်စတိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အား ငွေကြေးထောက်ပံ့မှု တိုးမြှင့်ခြင်းနှင့် အခြားအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
ဆန်းချက်ဇ်က ထိုအစီအစဉ်များမှာ လုံလောက်မည်မဟုတ်ဟု ဝန်ခံပြောဆိုခဲ့သော်လည်း ယင်းတို့မှာ အစ္စရေးအပေါ် တိုးမြှင့်ဖိအားပေးရန်နှင့် ပါလက်စတိုင်း ပြည်သူများ၏ အတိဒုက္ခအချို့ကို ပြေပျောက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
အစ္စရေးက ဂါဇာဒေသတွင် မတ် ၁၈ ရက်၌ စစ်ဆင်ရေး ပြန်လည်စတင်ခဲ့သည်။ အစ္စရေးအနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အပြင်းအထန် ပြန်လည်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်း ၁၁,၉၁၁ ဦးထက်မနည်း သေဆုံးကာ ၅၀,၇၃၅ ဦး ဒဏ်ရာရရှိခဲ့သဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း သေဆုံးသူပေါင်း ၆၄,၄၅၅ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၁၆၂,၇၇၆ ဦး ရှိလာပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာမြို့တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အထပ်မြင့်အဆောက်အအုံတစ်ခု အနီး၌ ပါလက်စတိုင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………..
(English Version)
Spain unveils measures against Israel, including arms embargo
MADRID, Sept. 8 (Xinhua) — Spanish Prime Minister Pedro Sanchez on Monday announced a series of measures against Israel in a televised address from his official residence at the Palacio de la Moncloa.
Sanchez outlined nine steps his government will take, confirming that on Tuesday the cabinet will approve a decree enforcing an arms embargo on Israel.
In addition to the embargo, Spain will close its airspace and ports to aircraft transporting weapons to Israel or ships carrying fuel for the Israeli armed forces. It will also ban products originating from illegal Israeli settlements and increase funding for the United Nations Relief and Works Agency for Palestine Refugees in the Near East (UNRWA), among other measures.
While acknowledging that the steps “will not be enough,” Sanchez said they are intended to increase pressure on Israel and “alleviate some of the suffering of the Palestinian people.”
On March 18, Israel resumed its military operations in Gaza. At least 11,911 Palestinians have been killed and 50,735 others injured since Israel renewed its intensive strikes, bringing the total death toll since October 2023 to 64,455 and the number of injured to 162,776, Gaza health authorities said on Sunday.■
English Caption 1
Spanish Prime Minister Pedro Sanchez speaks in the Spanish Congress in Madrid, Spain, March 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Palestinians are seen near a destroyed tower following an Israeli airstrike in Gaza City on Sept. 6, 2025. (Photo by Rizek Abdeljawad/Xinhua)