Europe
တရုတ်နိုင်ငံက နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်စွာကုန်သွယ်မှုကို အခိုင်အမာထောက်ခံဟု ဒုတိယဝန်ကြီးချုပ်က ပြောကြား
ဒါဗို့စ်၊ ဆွစ်ဇာလန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်စွာကုန်သွယ်မှုကို အခိုင်အမာ ထောက်ခံလျက်ရှိကြောင်း၊ နှစ်ဘက်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ထားရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဟယ်လိဖုန်းက ဇန်နဝါရီ ၂၀ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်း ဖြစ်သူ ဟယ်က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်း၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလက ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းကို ပြန်လည်အောက်မေ့လျက် တရုတ်နိုင်ငံအနေဖြင့် အပြောထက် လက်တွေ့ပိုမိုလုပ်ဆောင်ခဲ့ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်စွာကုန်သွယ်မှုကို အခိုင်အမာ ထိန်းသိမ်းလျက်ရှိကြောင်း ဟယ်က ဆိုသည်။ မကြာသေးမီနှစ်များအတွင်း ရှီက ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် လေးရပ်ကို အောင်မြင်စွာ အဆိုပြုခဲ့ရာ ကမ္ဘာကြီးရင်ဆိုင်နေရသော ပြဿနာများကို စုစည်းစီမံနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ဖြေရှင်းနည်းများ ပံ့ပိုးပေးခဲ့သည်။
အဆိုပါ ဖိုရမ်၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က အဓိက အကြံပြုချက် လေးချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ပထမအချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လွတ်လပ်စွာကုန်သွယ်မှုကို အခိုင်အမာပံ့ပိုးရန်၊ အားလုံးအကျိုးကျေးဇူးရှိမှုနှင့် အားလုံးပါဝင်သော စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း မြှင့်တင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
ဒုတိယအချက်မှာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာထိန်းသိမ်းရမည်ဖြစ်ကာ ယင်းမှာ ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်မှုရှိသော နိုင်ငံတကာစီးပွားရေးနှင့် ကုန်သွယ်ရေးစည်းစနစ်ဖြစ်လာရန် မရှိမဖြစ်အရေးပါကြောင်း ဟယ်က ဆိုသည်။
တတိယအချက်အနေဖြင့် ကမ္ဘာကြီးက နှစ်ဘက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လိုက်နာရမည်ဖြစ်ကာ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များကို ကောင်းမွန်စွ အသုံးချရန် ကတိပြုရမည်ဖြစ်ကြောင်း ဟယ်က ဖြည့်စွက်ပြောခဲ့သည်။
အပြန်အလှန်လေးစားမှုနှင့် သာတူညီမျှ ဆွေးနွေးအကြံပြုမှုကို အလေးထားခြင်းအားဖြင့် နိုင်ငံအားလုံးအနေဖြင့် ကွဲပြားခြားနားမှုများကို သင့်တင့်လျောက်ပတ်စွာ စီမံခန့်ခွဲရန်နှင့် အရေးကိစ္စများအား ဖြေရှင်းရာတွင် ဆွေးနွေးညှိနှိုင်းမှုများကို ကောင်းစွာအသုံးပြုရန်လည်း ဟယ်က တိုက်တွန်းခဲ့သည်။
ထို့ပြင် ဟယ်က ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးနှင့်စပ်လျဉ်း၍ ဖိုရမ်တက်ရောက်လာသူများအား အကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာကြီးထံ အရေးပါသော အခွင့်အလမ်းများ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်းလည်း အသေးစိတ်ပြောပြခဲ့သည်။ ဟယ်က နိုင်ငံတကာစက်မှုလုပ်ငန်း၊ စီးပွားကူးသန်းကဏ္ဍများမှ ဖိုရမ်တက်ရောက်လာသူများနှင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
WEF တွင် တက်ရောက်စဉ်အတွင်း ဟယ်က Swiss Confederation ဥက္ကဋ္ဌ Guy Parmelin ၊ Swiss Confederation ဒုတိယဥက္ကဋ္ဌ Ignazio Cassis တို့နှင့် ပူးတွဲတွေ့ဆုံခဲ့သည်။ ၎င်းတို့ထံ ရှီ၏ လှိုက်လှဲဖော်ရွေသော နှုတ်ခွန်းစကားများကို တစ်ဆင့်ပြောကြားပြီးနောက် ဟယ်က တရုတ်နိုင်ငံအနေဖြင့် ဆွစ်ဇာလန်နှင့်အတူ နှစ်နိုင်ငံနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးအတွက်လည်း ထည့်သွင်းပြောကြားခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်မှုကို ပူးတွဲပံ့ပိုးကူညီခြင်းဖြင့် လွတ်လပ်သော ကုန်သွယ်မှု အဆင့်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့ပြင် ဟယ်သည် နှစ်ဖက်လုံး၏ဖိတ်ကြားချက်အရ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုယန္တရား အမေရိကန်ဘက်ခြမ်းမှ ဦးဆောင်သူ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ တရုတ်-ယူကေ စီးပွားရေးနှင့် ငွေကြေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာ ဗြိတိန်ဘက်ခြမ်းမှ ဦးဆောင်သူ ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Rachel Reeves တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းတို့သည် တရုတ်နှင့် အမေရိကန်အကြား၊ တရုတ်နိုင်ငံနှင့် ဗြိတိန်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေး တက်ရောက်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China firmly supports multilateralism, free trade: vice premier
DAVOS, Switzerland, Jan. 20 (Xinhua) — Chinese Vice Premier He Lifeng on Tuesday called on the global community to firmly support multilateralism and free trade, and stay committed to win-win cooperation.
He, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks while delivering a speech at the World Economic Forum (WEF) Annual Meeting 2026 in Davos, Switzerland.
Recalling Chinese President Xi Jinping’s speech delivered at the WEF in January 2017, He said China has since walked the talk and firmly upheld multilateralism and free trade. In recent years, Xi successively proposed four global initiatives, providing Chinese solutions to collective problems facing the world.
Speaking at the forum, the Chinese vice premier outlined four key recommendations. First, he urged the international community to firmly support free trade and promote universally beneficial and inclusive economic globalization.
Secondly, multilateralism should be firmly upheld, and it’s necessary to make the international economic and trade order more just and reasonable, He said.
Thirdly, the world should also adhere to win-win cooperation, be committed to maximizing the fruits of cooperation, and jointly solve development problems, He added.
He also highlighted mutual respect and equal consultation, and called on all countries to make good use of dialogues to properly manage differences and resolve issues.
At the forum, He briefed the audience on the fourth plenary session of the 20th CPC Central Committee, emphasizing that China’s development will bring important opportunities to the world. He also had in-depth exchanges with participants from international industry and commerce sectors.
During his attendance at the WEF, He jointly met with President of the Swiss Confederation Guy Parmelin and Vice President of the Swiss Confederation Ignazio Cassis. After conveying Xi’s cordial greetings, He said China is willing to strengthen high-level exchanges and deepen bilateral and multilateral cooperation with Switzerland.
The Swiss side said they look forward to speeding up negotiations on upgrading the free trade agreement with China, jointly supporting multilateralism and free trade.
He also held separate talks, at the invitation of both officials, with U.S. Treasury Secretary Scott Bessent, who leads the U.S. side to the China-U.S. economic and trade consultation mechanism, and with British Chancellor of the Exchequer Rachel Reeves, who leads the British side to the China-UK Economic and Financial Dialogue. They exchanged views on relevant economic and trade issues between China and the United States, and between China and the United Kingdom.
Photo 1: Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, delivers a speech at the World Economic Forum (WEF) Annual Meeting 2026 in Davos, Switzerland, Jan. 20, 2026. (Xinhua/Peng Ziyang)
Photo 2: Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, attends the World Economic Forum (WEF) Annual Meeting 2026 in Davos, Switzerland, Jan. 20, 2026. (Xinhua/Peng Ziyang)
