North America
အမေရိကန်နိုင်ငံတစ်ဝန်း ဆိုးဝါးသော ဆောင်းရာသီမုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူအရေအတွက် ၂၈ ဦးအထိ ရောက်ရှိလာ
နယူးယောက်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံရှိ ပြည်နယ်အများအပြား၌ သီတင်းပတ်ကုန်အတွင်း ပြင်းထန်သော ဆောင်းရာသီမုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် ယင်းရာသီဥတုနှင့် ဆက်စပ်၍ သေဆုံးသူအရေအတွက်မှာ ၂၈ ဦးထက်မနည်း ရှိလာပြီဖြစ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ၊ လေယာဉ်ခရီးစဉ်ပယ်ဖျက်မှုများနှင့် စာသင်ကျောင်းပိတ်ထားရခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မက်ဆာချူးဆက်ပြည်နယ်နှင့် အိုဟိုင်းအိုးပြည်နယ်တွင် ဆီးနှင်းများကျဆင်းမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး အလက်စကာပြည်နယ်နှင့် တက္ကဆက်ပြည်နယ်တွင်မူ နှင်းလျှောစီးမတော်တဆမှုကြောင့် လူသေဆုံးမှုများ ရှိခဲ့သည်။ နယူးယောက်မြို့တွင်လည်း ညဘက်အပူချိန်များကျဆင်းခြင်းကြောင့် နေအိမ်ပြင်ပ၌ သေဆုံးသူ ရှစ်ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မက်ဆာချူးဆက်ပြည်နယ်မှ နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်အထိ လမ်းများမှာ ရေခဲများဖြင့်ချောနေသလို တချို့လမ်းနေရာများရှိ ဆီးနှင်းထုမှာ ၃၀ စင်တီမီတာအထိပင် ဖုံးအုပ်နေကြောင်း၊ နိုင်ငံတောင်ပိုင်း ပြည်နယ်အချို့ရှိ ဒေသခံများက ဆယ်စုနှစ်များစွာအတွင်း မမြင်တွေ့ဖူးသော ဆောင်းရာသီအခြေအနေကို ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါမုန်တိုင်းကြောင့် လေကြောင်းသွားလာမှုလည်း ရပ်တန့်ခဲ့ရကာ ဇန်နဝါရီ ၂၅ ရက်တွင် လေယာဉ်ခရီးစဉ် ၁၂,၅၀၀ ကျော် ပယ်ဖျက်ခဲ့ရသလို ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကဲ့သို့ဖြစ်နေကြောင်း သိရသည်။
ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းအထိ အမေရိကန်နိုင်ငံသို့ အသွားအပြန်လေယာဉ်ခရီးစဉ် ၅,၂၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၆,၆၀၀ ကျော် နှောင့်နှေးခဲ့ရကြောင်း လေကြောင်းခရီးစဉ်ခြေရာခံခြင်း ဝန်ဆောင်မှု FlightAware ထံမှ သိရသည်။
ဆီးနှင်းများနှင့် ရေခဲနေခြင်းများကြောင့် ရော်နယ်ရေဂင်ဝါရှင်တန် အမျိုးသားလေဆိပ်၊ ဒဲလ်လက်စ်ဖို့ဒ်ဝေါ့သ်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဂျွန်အက်ဖ်ကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် အမေရိကန်ရှိ အဓိကလေဆိပ်များတွင်လည်း မြေပြင်လုပ်ငန်းစဉ် နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
လေဆိပ်များအနေဖြင့် ဇန်နဝါရီ ၂၈ ရက်တွင် “ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည်” ဟု အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖ်ဖီက ဆိုသည်။
ထို့ပြင် နယူးယောက်မြို့ရှိ အစိုးရစာသင်ကျောင်းများအားလုံးကို ဇန်နဝါရီ ၂၆ ရက်က ပိတ်ထားခဲ့ကာ ကျောင်းသားကျောင်းသူများအနေဖြင့် နေအိမ်မှပင် လေ့လာသင်ယူကြရကြောင်း သိရသည်။ မုန်တိုင်းစောင့်ကြည့်ရေးစနစ်အရ ယင်းမုန်တိုင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် အရှေ့ဘက်ကမ်းရိုးတန်းမှ ရွေ့လျားကာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းထားပြီး ယင်းနောက်တွင် အာတိတ်လေထုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ အပူချိန်ကျဆင်းမှုမှာ ရက်ပေါင်းများစွာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနက ထုတ်ပြန်ထားသည်။
ကွန်နက်တီကတ်ပြည်နယ် အုပ်ချုပ်ရေးမှူ Ned Lamont က လာမည့် ၁၀ ရက်အတွင်း ညဘက်အပူချိန်မှ ဂဏန်းတစ်လုံးအထိရှိနေမည်ဟု ခန့်မှန်းထားဖြင့် ၎င်းတို့ပြည်နယ်၏ အအေးလွန်ရာသီဥတုမှာ ဖေဖော်ဝါရီ ၅ ရက်အထိ ဆက်လက်ရှိနေမည်ဟု ကြေညာခဲ့ပြီး ယင်းမှာ ဆယ်စုနှစ်တစ်ခုအတွင်း ကွန်နက်တီကတ်ပြည်နယ်တွင် အရှည်ကြာဆုံးအခြေအနေလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ လမ်းမတစ်နေရာမှ ဆီးနှင်းများ ဖယ်ရှားနေသည့် အမျိုးသားတစ်ဦးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆီးနှင်းများကျဆင်းနေခိုက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မြေအောက်ရထားဘူတာကို ဖြတ်သန်းသွားသူတစ်ဦးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Death toll rises to 28 amid severe winter storm across U.S.
NEW YORK, Jan. 26 (Xinhua) — At least 28 weather-related deaths were reported Monday as a massive winter storm dumped snow across dozens of U.S. states over the weekend, causing widespread power outages, flight cancellations and school closures.
The death toll included two people run over by snowplows in Massachusetts and Ohio, and fatal sledding accidents in Arkansas and Texas. In New York City, officials said eight people were found dead outdoors as temperatures plunged at night.
From Massachusetts in the northeast to Texas in the south, roads were frozen slick with ice and buried under often more than 30 cm of snow. In some southern states, residents faced winter conditions unseen for decades.
The storm snarled air traffic, with more than 12,500 U.S. flights canceled on Sunday, the most of any day since the onset of the COVID-19 pandemic in 2020.
As of Monday afternoon, more than 5,200 flights traveling into, from and within the United States were cancelled and over 6,600 were delayed, according to flight-tracking service FlightAware.
Ground delays were reported at major U.S. airports due to snow or ice, including Ronald Reagan Washington National Airport, Dallas Fort Worth International Airport and John F. Kennedy International Airport, according to the Federal Aviation Administration.
U.S. Transportation Secretary Sean Duffy said he hopes airports will be “back to normal” by Wednesday.
In New York City, all public schools were closed on Monday, and students learned from home.
While the storm system was expected to drift away from the East Coast into the Atlantic on Monday, a blast of Arctic air was rushing in behind it, prolonging sub-freezing temperatures for several more days, the National Weather Service said.
Connecticut Governor Ned Lamont announced that he is extending the state’s severe cold weather protocol to Feb. 5 as the forecast predicted overnight single-digit temperatures over the next 10 days. Lamont said this was the longest such protocol in the state in over a decade.
Photo 1: People push a car stuck in snow in New York, the United States, on Jan. 25, 2026. (Xinhua/Zhang Fengguo)
Photo 2: A man clears snow from a road in New York, the United States, on Jan. 25, 2026. (Xinhua/Zhang Fengguo)
Photo 3: A pedestrian walks past the World Trade Center subway station amid snow in New York, the United States, on Jan. 25, 2026. (Xinhua/Zhang Fengguo)
