Connect with us

Europe

တရုတ်နိုင်ငံတော်ကောင်စီဝင်က မီလန်-ကော်တီနာ ဆောင်းရာသီအားကစားပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ခဲ့

တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင်းက တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အထွေ‌ထွေ အားကစားစီမံခန့်ခွဲမှုဦးစီးဌာနအောက်ရှိ ဆောင်းရာသီအားကစား စီမံခန့်ခွဲမှုစင်တာတွင် အားကစားသမားများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

မီလန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင်သည် ဖိတ်ကြားချက်အရ အီတလီနိုင်ငံ မီလန်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသော ၂၅ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအတွက် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံမှ နွေးထွေးသောနှုတ်ခွန်းဆက်စကားများကို အီတလီနိုင်ငံ သမ္မတ Sergio Mattarella အား ရှန့်က တစ်ဆင့်ပြောကြားခဲ့ကာ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံကိုယ်စားပြုအားကစားအဖွဲ့ကို လက်ခံရေးအစီအစဉ်များအတွက် အီတလီနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ရှန့်က ပြောခဲ့သည်။
အီတလီ သမ္မတ Mattarella က သမ္မတ ရှီထံ ၎င်း၏ စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်စကားကို ရှန့်မှတစ်ဆင့် ပြောကြားခဲ့ကြောင်း တရုတ်အားကစားသမားများအနေဖြင့် အားကစားပွဲတွင် ကောင်းမွန်သောရလဒ်များ ရရှိမည်ဟု မျှော်လင့်ပါကြောင်းနှင့် ဆောင်းရာသီအိုလံပစ်အားကစားပွဲကို အီတလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းအတွက် တရုတ်နိုင်ငံအစိုးရ၏ တန်ဖိုးရှိလှသောထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ရှန့်က နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Kirsty Coventry နှင့် ဖေဖော်ဝါရီ ၇ ရက်၌ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး မြှင့်တင်ရန်နှင့် အားကစားမှတစ်ဆင့် အေးအတူပူအမျှ လူသားမျိုးနွယ်အသိုက်အဝန်း အဆင့်မြင့်တည်ဆောက်ရန်အလို့ငှာ IOC နှင့်အတူ အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရန် ဆန္ဒရှိကြောင်း ရှန့်က ပြောကြားခဲ့သည်။
ရှန့်သည် အီတလီနိုင်ငံ၌ ရှိနေစဉ်အတွင်း တရုတ်အိုလံပစ်အားကစားအဖွဲ့ထံ သွားရောက်လည်ပတ်ခဲ့သည်။ အားကစားသမားများအနေဖြင့် တရုတ်အားကစားစိတ်ဓာတ်နှင့် ပေကျင်း ဆောင်းရာသီအိုလံပစ် စိတ်ဓာတ်ကို ထိန်းသိမ်းရန်၊ ဇွဲလုံ့လဝီရိယဖြင့် ပြိုင်ပွဲဝင်ကာ နိုင်ငံ့ဂုဏ်ကိုဆောင်ကြရန်၊ ခေတ်သစ် တရုတ်လူငယ်များ၏ စိတ်ဓာတ်တက်ကြွမှု၊ ယုံကြည်မှုနှင့် အကောင်းမြင်မှုကို ဖော်ဆောင်ပြသရန် တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်က တိုက်တွန်းအားပေးခဲ့သည်။
ထို့နောက် ရှန့်သည် အားကစားပွဲအတွက် တရုတ်အိုလံပစ်ကော်မတီမှ စီစဉ်သော တရုတ်အိမ်တော်ကို သွားရောက်လည်ပတ်ခဲ့ပြီး အထင်ကရ စကိတ်စီးပြိုင်ပွဲကို ကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese state councilor attends opening ceremony of Milan-Cortina Winter Olympics
MILAN, Feb. 9 (Xinhua) — Chinese State Councilor Shen Yiqin attended the opening ceremony of the 25th Winter Olympic Games on Friday in Milan, Italy, upon invitation.
Ahead of the ceremony, Shen held a cordial conversation with Italian President Sergio Mattarella, conveyed warm greetings from Chinese President Xi Jinping, and wished the Games a great success. She also thanked the Italian side for its arrangements in hosting the Chinese sports delegation.
Mattarella asked Shen to convey his sincere greetings to President Xi, said he hopes that Chinese athletes will achieve excellent results at the Games, and thanked the Chinese government for its valuable support for Italy’s hosting of the Winter Olympics.
On Saturday, Shen met with International Olympic Committee (IOC) President Kirsty Coventry. Shen said China is willing to deepen the high-level cooperation with the IOC, so as to promote world peace and advance the building of a community with a shared future for humanity through sports.
During her stay in Italy, Shen also visited the Chinese Olympic delegation. The Chinese state councilor encouraged the athletes to uphold the spirit of Chinese sports and the Beijing Winter Olympics, to compete with perseverance and bring honor to the nation, and to demonstrate the vigor, confidence and optimism of Chinese youth in the new era.
Shen also paid a visit to the China House operated by the Chinese Olympic Committee for the Games and watched a figure skating competition.
Photo: Chinese State Councilor Shen Yiqin meets with athletes, coaches and staff members at the Winter Sports Administration Center under the General Administration of Sport of China in Beijing, capital of China, Dec. 24, 2025. (Xinhua/Zhai Jianlan)