Connect with us

International Organizations

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

– အခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်နှင့် အမေရိကန် ပြည်သူများ၏ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆန္ဒသဘောထားမှာ ပြောင်းလဲမှုမရှိဟု သမ္မတ ရှီ ပြော
– ဂျီနီဗာမြို့တွင် ယူကရိန်းအရေး‌ဆွေးနွေးပွဲများမှ ဥရောပကိုယ်စားလှယ်များကို ချန်လှပ်ထား
– တရုတ်နိုင်ငံက မီးရှူးမီးပန်းများ ဘေးကင်းရေးကြီးကြပ်မှုကို တင်းကြပ်မည်
– အမေရိကန်-အီရန် ဆွေးနွေးပွဲ နောက်ဆုံးနေ့သတ်မှတ်ရန် အိမ်ဖြူတော် ငြင်းဆို
– အမေရိကန်က ဆီးရီးယားမှ တပ်ဖွဲ့ဝင်များအားလုံး ရုပ်သိမ်း
– အီရန်နှင့် ရုရှား ရေတပ်များ ဖေဖော်ဝါရီ ၁၉ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်မည်
– လွှတ်တော်တွင် ဂျပန်ဝန်ကြီးချုပ်အဖြစ် တာကာအိချိ တရားဝင်ပြန်လည်ရွေးကောက်ခံရ
– မီလန်-ကော်တီနာအားကစားပွဲတွင် တရုတ်နိုင်ငံ၏ ပထမဆုံး ‌ရွှေတံဆိပ်အဖြစ် စူးရိမင်က အမျိုးသား slopestyle နှင်းလျှောဘုတ်ပြားဖြင့် စကိတ်စီးပြိုင်ပွဲ၌ ဆွတ်ခူးရရှိ
– ဂျီနီဗာမြို့တွင် တစ်ရက်တည်း ဆွေးနွေးပွဲနှစ်ပွဲ တိုးတက်မှုအနည်းငယ်သာရရှိ
– ကျူးဘားကို ကန့်သတ်ချက်အသစ်များ ချမှတ်ခြင်းက လက်ခံနိုင်ဖွယ်မရှိဟု ရုရှားရှုမြင်
– အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွင် နှင်းတောင်ပြိုကျပြီးနောက် စကိတ်စီးသမား ရှစ်ဦး သေဆုံး
– နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် မိုင်းတွင်းအလုပ်သမား ၃၈ ဦး သေဆုံး
– ဒေသတွင်း ဘက်စုံ စီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ရေးမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ၁၄.၇ ရာခိုင်နှုန်း မြင့်တက်လာ
– ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိ
– ဥရောပသမဂ္ဂက ဇင်ဘာဘွေနိုင်ငံကို လက်နက်ကုန်သွယ်မှုပိတ်ပင်ခြင်း သက်တမ်းတိုး
– ဘိုလီးဗီးယားနိုင်ငံတွင် ဆင်တုပ်ကွေးရောဂါကို အနီရောင်သတိပေးချက် ထုတ်ပြန်ထားသည့်ကြားမှ သေဆုံးသူ သုံးဦးရှိ
– ပြည်သူ ၁၃၀,၀၀၀ ကျော်ကို ပံ့ပိုးကူညီရန် ဆူဒန်နိုင်ငံ တောင်ကော်ဒိုဖန်ပြည်နယ်သို့ ကုလသမဂ္ဂ ယာဉ်တန်းရောက်ရှိ
– လူနေမှုဘဝများနှင့် မြို့များ ပြန်လည်တည်ဆောက်ရန် အာဖဂန်ဒုက္ခသည်များ နေရပ်ပြန်
– ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ရဲတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ရှစ်ဦး သေဆုံး
– မြန်မာနိုင်ငံ ရန်ကုန်မြို့ တရုတ်တန်းတွင် ခြင်္သေ့ နဂါး အက အလှပြိုင်ပွဲ ကျင်းပ
– စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေ အကြောင်းပြချက်ဖြင့် ကော်တင်ညိုက ဗာစကိုအသင်းမှ ထွက်ခွာ
– လစ်ဗျားနိုင်ငံတွင် အများပြည်သူကျန်းမာရေးပြဿနာအဖြစ် သတ်မှတ်ထားသော မျက်ခမ်းစပ်ရောဂါ အမြစ်ပြတ်ကင်းရှင်းပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
– အီရန်နိုင်ငံက နှစ်ရက်ကြာအခမ်းအနားဖြင့် ကျန်းမာရေးဆိုင်ရာ ခရီးသွားလုပ်ငန်း မြှင့်တင်
– မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ
– ခန္ဓာကိုယ်အလေးချိန် အကြိမ်ကြိမ်လျှော့ချခြင်းက အလေးချိန်ပြန်တက်လာသည့်တိုင်အောင် ကျန်းမာရေးတိုးတက်ဖွယ်ရှိဟု လေ့လာမှုက ဖော်ပြ
– ပိုက်လိုင်းကိစ္စအငြင်းပွားမှုကြောင့် ယူကရိန်းသို့ ဒီဇယ်တင်ပို့မှု ဟန်ဂေရီ ရပ်ဆိုင်းထား
– တရုတ်နိုင်ငံ အလယ်ပိုင်းတွင် မီးရှူးမီးပန်းဆိုင်ပေါက်ကွဲမှုဖြစ်ပွားသောနေရာသို့ ကြီးကြပ်ရေးအဖွဲ့ စေလွှတ်
– အီရန်နိုင်ငံ တောင်ပိုင်းတွင် အင်အား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ် (Xinhua)


……………………….
(English Version)
– Xi says regardless of how situation evolves, desire of peoples of China, U.S. for exchanges and cooperation won’t change
– European delegations excluded from talks on Ukraine crisis in Geneva: report
– China to tighten safety oversight of fireworks
– White House declines to set deadline for U.S.-Iran talks
– U.S. withdrawing all troops from Syria
– Iranian, Russian navies to hold joint drill on Thursday
– Takaichi officially reelected as Japan PM in parliament
– Su Yiming wins men’s snowboard slopestyle title for China’s first gold at Milan-Cortina
– One day, two talks in Geneva with limited progress
– Russia considers new restrictions against Cuba unacceptable: Putin
– 8 skiers dead after avalanche in U.S. Northern California
– 38 miners killed in gas explosion in central Nigeria
– Cambodia’s trade with RCEP countries up 14.7 pct in January 2026
– 10 injured in explosion in central Vietnam
– EU extends arms embargo on Zimbabwe
– Bolivia reports 3 deaths from Chikungunya fever amid red alert
– UN convoy reaches Sudan’s South Kordofan state to support over 130,000 people
– Afghan refugees return home to build lives, cities
– 8 terrorists killed in police operation in SW Pakistan
– Lion and dragon dance competition held in Chinatown of Yangon
– Coutinho exits Vasco citing mental strain
– WHO declares elimination of trachoma in Libya as a public health problem
– Iran promotes health tourism in 2-day event
– 1 killed, several injured in shooting in central Mexico: local gov’t
– Repeated weight loss may improve health even if pounds return: study
– Hungary suspends diesel exports to Ukraine amid pipeline dispute
– Supervisory team sent to site of fireworks shop blast in central China
– 5.5-magnitude quake hits southern Iran — GFZ