International Organizations
မီလန်-ကော်တီနာတွင် ကျင်းပမည့် အမျိုးသားလေပေါ်ဝဲနှင်းလျှောစီးပြိုင်ပွဲကို ရာသီဥတုအခြေအနေများကြောင့် ထပ်မံရွှေ့ဆိုင်း
လီဗစ်နို၊ အီတလီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတွင် အမျိုးသား အလွတ်တန်းလေပေါ်ဝဲနှင်းလျှောစီးပြိုင်ပွဲအား ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရကာ ယခုအခါ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်၌ ကျင်းပရန် ပြန်လည်စီစဉ်လိုက်ကြောင်း သိရသည်။
ပြိုင်ပွဲကို မူလက ဖေဖော်ဝါရီ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီတွင် စတင်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေများကြောင့် ဖျက်သိမ်းခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်သို့ ရွှေ့ဆိုင်းခဲ့သည်။ ထို့နောက် မိုးလေဝသခန့်မှန်းချက်မှာ ဆက်လက်၍ပိုမိုဆိုးရွားလာသဖြင့် နောက်ထပ်ရွှေ့ဆိုင်းမှုအား ပွဲစီစဉ်သူများက နောက်ပိုင်း၌ ကြေညာခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………..
(English Version)
Men’s aerials competition at Milan-Cortina postponed again due to weather conditions
LIVIGNO, Italy, Feb. 19 (Xinhua) — Heavy snowfall forced another postponement of the freestyle skiing men’s aerials at the Milan-Cortina 2026 Winter Olympics, with the event now rescheduled for Friday.
The competition was originally set to begin at 1:30 p.m. local time on February 17 but was canceled because of weather conditions and moved to February 19. Organizers later announced a further postponement as the forecast continued to worsen. ■
English Caption
Xu Mengtao of China competes during the freestyle skiing women’s aerials final 1 at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Zhang Hongxiang)
