Europe
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်က ကမ္ဘာ့စည်းစနစ်အတွက် မရှိမဖြစ်အရေးပါဟု ဩစတြေးလျသမိုင်းပညာရှင် ပြောကြား
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (GGI) သည် နိုင်ငံတကာစည်းစနစ်အတွက် မရှိမဖြစ်အရေးပါကြောင်း ဩစတြေးလျသမိုင်းပညာရှင် John Queripel က ပြောကြားခဲ့သည်။
“GGI က အရေးကြီးပါတယ်။ အဲဒါမရှိဘူးဆိုရင် ကျွန်တော်တို့ဟာ ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းဆီပြန်ရောက်သွားမှာပါ။ ပြီးတော့ ကမ္ဘာကြီးက အမြဲတမ်းအကြမ်းဖက်မှုတွေရှိနေပြီး လုံခြုံမှုလည်းရှိမှာမဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ကမ္ဘာကြီး ဖြစ်သွားမှာပါ။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုက လိုအပ်ပါတယ်။ အဲဒီစနစ်ဆီပြန်သွားဖို့လိုပါတယ်” ဟု ဩစတြေးလျနိုင်ငံ နယူးကက်စ်တယ်မြို့ အခြေစိုက် စာရေးဆရာနှင့် မျက်မှောက်ရေးရာဆောင်းပါး ရေးသားသူလည်းဖြစ်သူ Queripel က ဆင်ဟွာကို ပြောခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအစဉ် စသည်တို့ပြီးနောက် GGI ကို တရုတ်နိုင်ငံက ပိုမိုတရားမျှတ၍ သာတူညီမျှရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် တည်ဆောက်မှု မြှင့်တင်ရန်နှင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် အတူတကွလုပ်ဆောင်ရန် ၂၀၂၅ ခုနှစ်တွင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ “GGI အစကနဦးပါပဲ။ ဒါဟာ ကုလသမဂ္ဂက အချိန်ကြာမြင့်စွာ ပြောဆိုနေတဲ့ အခြေခံအနှစ်ချုပ်ပါပဲ” ဟု ၎င်းက ဆိုသည်။
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/9U7
…………………..
(English Version)
China’s Global Governance Initiative crucial to world order: Australian historian
SYDNEY, Feb. 1 (Xinhua) — China’s Global Governance Initiative (GGI) is crucial for the international order, said Australian historian John Queripel.
“The GGI is important because without that, we’ve got the law of the jungle. And a world like that is constantly at violence and gives no security. It’s a dangerous world. We need global governance. We need to go back to the system set in place,” Queripel, also a writer and social commentator based in Newcastle, Australia, told Xinhua.
Following the Global Development Initiative, the Global Security Initiative and the Global Civilization Initiative, the GGI was proposed by China in 2025 to promote the building of a more just and equitable global governance system and work together for a community with a shared future for humanity.
“The GGI is a pilot. It outlines essentially what the UN has been saying for a long time,” he said. xhtxs.cn/9U7
Photo: This photo taken on Aug. 30, 2025 shows an exterior view of the main venue of the Shanghai Cooperation Organization (SCO) Summit 2025 in Tianjin, north China. (Xinhua/Sun Fanyue)
