Connect with us

International Organizations

မီလန်-ကော်တီနာ အားကစားပြိုင်ပွဲတွင် စံချိန်တင် တင်ဆက်မှုများက တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားပွဲ အခင်းအကျင်းတိုးတက်မှုကို ရောင်ပြန်ဟပ်စေ

အီတလီနိုင်ငံ မီလန်မြို့တွင် ကျင်းပသော ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း San Siro အိုလံပစ်အားကစားကွင်းအတွင်း ချီတက်လာသည့် တရုတ်နိုင်ငံကိုယ်စားပြုအဖွဲ့ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

မီလန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

ကူအိုက်လျင်နှင့် လီဖန်းဟွေတို့သည် နောက်ဆုံးယှဉ်ပြိုင်ပွဲနေ့တွင် halfpipe အမျိုးသမီး အလွတ်တန်းစကိတ်စီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနေရာများ ရရှိခဲ့ရာ တရုတ်နိုင်ငံက ပြည်ပနိုင်ငံများတွင် ကျင်းပသည့် အားကစားပြိုင်ပွဲများ၌ အကောင်းဆုံးရလဒ်များဖြင့် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲကို အဆုံးသတ်နိုင်ခဲ့သည်။ ထိုအားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးဆံဆိပ် ၆ ခု ရရှိခဲ့ရာ ၂၀၁၀ ပြည့်နှစ်က ဗန်ကူးဗားမြို့တွင် ကျင်းပခဲ့သည့် ယခင် စံချိန် ၅-၂-၄ စံချိန်ကို ကျော်လွန်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် ဤသို့သမိုင်းဝင်အောင်မြင်မှု ရရှိသည့် ခရီးလမ်းမှာ လွယ်ကူချောမွေ့ခြင်းတော့မရှိပေ။

တရုတ်နိုင်ငံသည် မီလန်-ကော်တီနာ အားကစားပြိုင်ပွဲသို့ အားကစားနည်း ခုနစ်နည်းနှင့် ပြိုင်ပွဲ ၉၁ ၌ ပါဝင်ယှဉ်ပြိုင်ရန် အားကစားသမား ၁၂၆ ဦး စေလွှတ်ခဲ့ရာ ပြည်ပနိုင်ငံတွင် ကျင်းပသည့် ဆောင်းရာသီအားကစားပွဲများ၌ ပမာဏအများဆုံး နိုင်ငံကိုယ်စားပြုအဖွဲ့နှင့် အားကစားပြိုင်ပွဲများ၌ ပါဝင်မှုအများဆုံးလည်း ဖြစ်ခဲ့သည်။
သာလွန်ကောင်းမွန်သော အခိုက်အတန့်များအနေဖြင့် အလွတ်တန်းစကိတ်စီး၊ နှင်းလျှောစကိတ်စီးနှင့် အမြန်နှုန်းစကိတ်စီး စသည့်အားကစားနည်းများတွင် ဖြစ်သည်။
ဖေဖော်ဝါရီ ၂၂ ရက်၌ ကျင်းပသည့် မီလန်-ကော်တီနာအားကစားပွဲ ပိတ်ပွဲအခမ်းအနား၌ အလံကိုင်ဆောင်သူ စူးရိမင်သည် ၎င်း၏ အသက် ၂၂ နှစ်ပြည့် မွေးနေ့တွင် အမျိုးသား slopestyle နှင်းလျှောစီးပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီး အားကစားပွဲ ဖွင့်ပွဲအခမ်းအနားပြီးနောက် ၁၂ ရက်အကြာတွင်မူ တရုတ်နိုင်ငံအတွက် ထိုအားကစားပွဲ၏ ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သည်။
“နိုင်ငံတော်သီချင်းကို တီးခတ်လိုက်တဲ့အချိန်မှာ ကျွန်တော့်စိတ်ခံစားမှုထိန်းချုပ်ထားတာတွေ ဒုတိယအကြိမ် ပျောက်ဆုံးသွားခဲ့ရတယ်” ဟု စူးက ပြိုင်ပွဲအနိုင်ရရှိပြီးနောက် ပြောကြားခဲ့သည်။

“Big air အားကစားနည်းမှာ ကျွန်တော် ကြေးတံဆိပ်ဆု ရရှိတုန်းက ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တာကတော့ ရွှေတံဆိပ်ဆုရမှသာ ကျွန်တော်တို့ရဲ့နိုင်ငံတော်သီချင်း ဖွင့်ပြခွင့်ရမယ်ဆိုတာပါပဲ။ ဒီလိုမျိုး နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို ကမ္ဘာကြီးက ကြားနိုင်ခွင့်ရတာဟာ ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ”
အမြန်နှုန်းစကိတ်စီးအားကစားသမား နင်ကျုံးယန်က အမျိုးသား မီတာ ၁,၅၀၀ ပြိုင်ပွဲတွင် အနိုင်ရရန် ရေပန်းစားနေသော အမေရိကန်နိုင်ငံမှ ဂျော်ဒန်စတောလ်ဇ်ကို ကျော်တက်ကာ အိုလံပစ်စံချိန်သစ် ၁ နာရီ ၄၁.၉၈ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သလို မီတာ ၁,၀၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု နှစ်ဆု ရရှိခဲ့သည်။
“ဂျော်ဒန်က ကျွန်တော့်လမ်းမှာပိတ်ထားတဲ့ တောင်ကြီးလိုပဲ။ ဒါပေမဲ့ ဒီကနေ့ အိုလံပစ်ပြိုင်ပွဲမှာတော့ အဲဒီတောင်ကြီးကို ကျွန်တော် ကျော်လွှားနိုင်ခဲ့ပြီးတော့ လှပတဲ့ ရှုမျှော်ခင်း၊ မိုးကုတ်စက်ဝိုင်းတွေကို မြင်နိုင်ခဲ့ပြီ” ဟု နင်က ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/baqy

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲ၊ အမျိုးသား slopestyle နှင်းလျှောစီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားအတွင်း စူးရိမင်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ‌တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ လီဗီညိုမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲ၊ အမျိုးသမီး လေပေါ်ဝဲ အလွတ်တန်းစကိတ်စီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား၌ ၎င်း၏ဆုတံဆိပ်အား အနမ်းပေးနေသည့် ရွှီမုန့်ထောင်းအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က ‌တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Record-breaking performance at Milan-Cortina mirrors China’s growing winter sports landscape
MILAN, Feb. 22 (Xinhua) — After Gu Ailing and Li Fanghui secured a 1-2 finish in the women’s freeski halfpipe on the final competition day, China capped its Milan-Cortina Winter Olympics campaign with its best result at an overseas Games, winning five gold, four silver and six bronze medals to surpass the previous 5-2-4 record in Vancouver 2010.
However, the journey to this historic finish was not plain sailing.
China sent 126 athletes to Milan-Cortina competing across seven sports and 91 events, the largest delegation and most extensive event participation in an overseas Winter Games.
Standout moments came in freestyle skiing, snowboarding and speed skating.
Su Yiming, the flagbearer at Sunday’s closing ceremony, won the men’s snowboard slopestyle on his 22nd birthday, earning China its first gold of the Games, 12 days after the opening ceremony.
“When the national anthem played, that was the second time I lost control of my emotions,” Su said after his win. “After taking bronze in big air, I told myself only gold would allow our anthem to be played. In an international competition like this, letting the world hear China’s anthem means everything.”
Speed skater Ning Zhongyan upset pre-race favorite Jordan Stolz of the United States to win the men’s 1,500m with a new Olympic record of 1:41.98, and added two bronzes in the 1,000m and team pursuit.
“Jordan was like a mountain blocking my road,” Ning said. “But today, at the Olympics, I crossed over this big mountain and I saw the view, the skyline, is beautiful.” xhtxs.cn/baqy
Photo 1: The Chinese delegation parades into the San Siro Olympic Stadium during the opening ceremony of the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 6, 2026. (Xinhua/Tao Xiyi)
Photo 2: Su Yiming poses during the award ceremony for the men’s snowboard slopestyle at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Wang Peng)
Photo 3: Xu Mengtao kisses her medal during the award ceremony of the freestyle skiing women’s aerials at the Milan-Cortina 2026 Olympic Winter Games in Livigno, Italy, Feb. 18, 2026. (Xinhua/Hu Chao)