Connect with us

Europe

တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုက မသေချာမရေရာသော ကမ္ဘာကြီးတွင် တည်ငြိမ်မှု ထောက်တိုင်တစ်ခုဖြစ်

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) နှစ်ပတ်လည်အစည်းအဝေး၌ အမှာစကားပြောကြားနေသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်သည် ပထမဆုံးအကြိမ် တရားဝင်နိုင်ငံတော်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၅ ရက်က ရောက်ရှိလာခဲ့သည်။ ကမ္ဘာ့ဒုတိယနှင့် တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံများအတွက် အဆိုပါ ခရီးစဉ်သည် အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ပိုမို၍ ပူးတွဲအကျိုးပြုနိုင်ရန် အခွင့်အလမ်းကောင်းတစ်ရပ်အဖြစ်လည်း ကိုယ်စားပြုလျက်ရှိပေသည်။
ကမ္ဘာကြီးက လှိုင်းလေဒဏ်ကြားမှ အသွင်ပြောင်းလဲမှုကို ကြုံတွေ့နေရသည့် တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် အဓိကနိုင်ငံကြီးများနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို လက်ခံကျင့်သုံးသည်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး၊ တစ်ဖက်သတ်ဝါဒနှင့် စီးပွားရေးအရ ဗိုလ်ကျအနိုင်ကျင့်မှုကို ဆန့်ကျင်ကန့်ကွက်ရေးတာဝန်ကို မျှဝေထမ်းဆောင်လျက်ရှိသည်။
ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုမှုအောက်တွင် မက်ဇ်သည် လူမှုမီဒီယာပလက်ဖောင်း X မှတစ်ဆင့် တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားကို မကြာသေးမီက ပြောကြားခဲ့ကာ တရုတ်နှစ်သစ်ကူး မြင်းနှစ်က “ခိုင်မာသောအင်အား ဆောင်ကြဉ်းပေးလျက် ဂျာမန်-တရုတ် ဆက်ဆံရေးအတွက် တွန်းအားသစ်များ ဖြည့်တင်းပေးမည်” ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သတင်းစကားသည် မက်ဇ်ခရီးစဉ်အတွက် ဂျာမနီနိုင်ငံ၏ အပြုသဘောမျှော်မှန်းချက်များအတွက် အချက်ပြမှု၊ အဆင့်မြင့်ဆွေးနွေးမှုမှတစ်ဆင့် အားအင်သစ်များဖြည့်တင်းရေးရည်မှန်းချက်အဖြစ် ဂျာမနီနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်။
ကိုယ်စားလှယ်အဖွဲ့တွင် စုပေါင်းပါဝင်မှုကလည်း အရေးပါမှုကို ‌ဖော်ပြလျက်ရှိသည်။ Bayer ၊ Siemens ၊ BMW ၊ Mercedes-Benz နှင့် Volkswagen အပါအဝင် အဓိက ကုမ္ပဏီ ၃၀ ခန့်မှ အမှုဆောင်အရာရှိများက ဂျာမနီဝန်ကြီးချုပ်နှင့်အတူ လိုက်ပါသွားခဲ့ကြပြီး တစ်ချိန်က ဂျာမန်စီးပွားရေးအသိုင်းအဝိုင်း၏ တရုတ်နိုင်ငံကို ယုံကြည်စိတ်ချမှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုကို သရုပ်ဖော်ပြနေခြင်းပင် ဖြစ်သည်။
ဂျာမနီစီးပွားရေးလုပ်ငန်းများ၏ စိတ်အားထက်သန်မှုက စီးပွားရေးလော့ဂျစ် ဆယ်စုနှစ်များအတွင်း အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ချိန် ၁၉၇၂ ခုနှစ်မှစ၍ နှစ်နိုင်ငံအနေဖြင့် နက်ရှိုင်းသော စီးပွားရေးချိတ်ဆက်မှုများကွန်ရက်ကို တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂျာမနီနိုင်ငံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံနှင့် ဥရောပတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်အဖြစ် ကာလရှည်တည်ရှိလာခဲ့သည်။ ၎င်းတို့၏ စက်မှုလုပ်ငန်းကဏ္ဍများမှာ နက်ရှိုင်းစွာပေါင်းစည်းထားသလို ပူးပေါင်းဆောင်ရွက်မှုအခြေခံအနေဖြင့်လည်း ဆက်လက်အားကောင်းလျက်ရှိသည်။ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်များအရ တရုတ်နှင့် ဂျာမနီအကြား နှစ်နိုင်ငံ ကုန်သွယ်မှုမှာ နှစ်ပေါင်းများစွာဆက်တိုက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထက် တည်ရှိနေခဲ့သည်။ တရုတ်နိုင်ငံကလည်း လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ၉ နှစ်မှာ ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ၎င်း၏ရပ်တည်ချက်ကို အခိုင်အမာ နေရာယူထားပြီးဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260225/a5f802e76e134ab08b5962dd2092ca5a/c.html

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွင်း အာရှဒေသ၌ ပထမဆုံးပွဲဦးထွက်ပြသသည့် Siemens ကုမ္ပဏီ၏ CT စက်ကို လေ့လာကြည့်ရှုနေသူများအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၁ ကြိမ်မြောက် ရှန်ဟိုင်း နိုင်ငံတကာ မော်‌တော်ကားထုတ်လုပ်ရေးလုပ်ငန်းပြပွဲအတွင်း Volkswagen ID.AURA ကို သတင်းမှတ်တမ်းတင်နေသော သတင်းထောက်တစ်ဦးကို ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
China-Germany cooperation a pillar of stability in uncertain world
BERLIN, Feb. 25 (Xinhua) — German Chancellor Friedrich Merz is paying his first official visit to China on Wednesday. For the world’s second- and third-largest economies, the trip presents a good opportunity to enhance mutual understanding, strengthen pragmatic cooperation and jointly contribute more to world peace and prosperity.
At a time when the world is experiencing turbulence and transformation, China and Germany, as major economies and advocates of multilateralism, share the responsibility to uphold the stability of global industrial and supply chains and oppose protectionism and economic coercion.
In a widely noted gesture, Merz recently extended Chinese New Year greetings via social platform X, expressing hope that the Year of the Horse would “bring strength and give new impetus to German-Chinese relations.” The message was widely interpreted in Germany as a signal of Berlin’s positive expectations for the trip and its intention to reinvigorate economic ties through high-level dialogue.
The composition of the delegation underscores the stakes. Executives from around 30 major companies, including Bayer, Siemens, BMW, Mercedes-Benz and Volkswagen, are expected to accompany the chancellor, once again demonstrating the confidence of the German business community in the Chinese economy and the vitality of bilateral cooperation.
The enthusiasm of German businesses is rooted in decades of economic logic. Since the establishment of diplomatic ties in 1972, the two countries have built a dense web of economic links.
Germany has long been China’s largest trading partner and source of foreign investment in Europe. Their industrial sectors are deeply integrated, and the foundation of cooperation continues to strengthen. Official data from China’s Ministry of Commerce show that bilateral trade between China and Germany has remained above 200 billion U.S. dollars for consecutive years. China has also solidified its position as Germany’s largest trading partner for nine of the past 10 years.
https://english.news.cn/20260225/a5f802e76e134ab08b5962dd2092ca5a/c.html

Photo 1: German Chancellor Friedrich Merz speaks at the World Economic Forum (WEF) Annual Meeting 2026 in Davos, Switzerland, Jan. 22, 2026. (Xinhua/Lian Yi)
Photo 2: Visitors view a dual-source photon-counting CT machine of Siemens, which made its debut in Asia, during the China International Import Expo (CIIE) in east China’s Shanghai, Nov. 6, 2025. (Xinhua/Fang Zhe)
Photo 3: A journalist records a Volkswagen ID.AURA on display during the 21st Shanghai International Automobile Industry Exhibition in east China’s Shanghai, April 23, 2025. (Xinhua/Fang Zhe)