Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သည့် အီသီယိုးပီးယား လေအားလျှပ်စစ်စီမံကိန်း စတင်လည်ပတ်၊ သုံးနိုင်ငံခေါင်းဆောင်များ အခမ်းအနားတက်ရောက်

အီသီယိုးပီးယားနိုင်ငံ ဆိုမာလီပြည်နယ် Aysha II လေအားလျှပ်စစ်စီမံကိန်းမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- Dongfang Electric Corporation/Handout via Xinhua)

အဒစ်အာဘာဘာ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်သည့် အီသီယိုးပီးယားနိုင်ငံ Aysha လေအားလျှပ်စစ်စီမံကိန်း လျှပ်စစ်ဓာတ်အားစတင်ထုတ်လုပ်သည့်အခမ်းအနားကို အီသီယိုးပီးယားနိုင်ငံ အရှေ့ပိုင်း ဆိုမာလီပြည်နယ်၌ ဇန်နဝါရီ ၃၁ ရက်က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed ၊ ဂျီဘူတီနိုင်ငံ သမ္မတ Ismail Omar Guelleh ၊ ဆိုမာလီယာနိုင်ငံ သမ္မတ Hassan Sheikh Mohamud တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် Abiy Ahmed က သန့်ရှင်းသောစွမ်းအင်သည် အီသီယိုးပီးယား၏ ရေရှည်စီးပွားရေးတိုးတက်မှုအတွက် အလွန်ပင်အရေးကြီးကြောင်း၊ Aysha လေအားလျှပ်စစ်စီမံကိန်းသည် အီသီယိုးပီးယားနိုင်ငံအနေဖြင့် ဒေသန္တရအရင်းအမြစ်ကို အသုံးချကာ ကိုယ်ပိုင်ဖွံ့ဖြိုးလိုသည့်ကြိုးပမ်းမှုကို ပေါ်လွင်စေကြောင်း ပြောကြားခဲ့သည်။

“အီသီယိုးပီးယား လျှပ်စစ်ဓာတ်အားကုမ္ပဏီ (EEP)၊ ဒီစီမံကိန်းကို တာဝန်ယူတည်ဆောက်ပေးတဲ့ တရုတ်နိုင်ငံ Dongfang Electric Corporation နဲ့ အဲဒီဒေသက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ စီမံကိန်း ပထမအဆင့် ပြီးမြောက်အောင် အကျိုးဆောင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Aysha လေအားလျှပ်စစ်စီမံကိန်းသည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ပြီး Dongfang Electric နှင့် စီမံကိန်းလုပ်ငန်းရှင် အီသီယိုးပီးယား လျှပ်စစ်ဓာတ်အားကုမ္ပဏီ(EEP)နှင့် အထွေထွေကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် စုစုပေါင်း စက်တပ်ဆင်စွမ်းအင် ၁၂၀ မဂ္ဂါဝပ် (MW) ရှိပြီး တစ်ယူနစ်လျှင် ၂.၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော လေအားလျှပ်စစ်တာဘိုင် ၄၈ လုံး တပ်ဆင်သွားရန် ဒီဇိုင်းရေးဆွဲထားကြောင်း၊ လက်ရှိတွင် ပထမအဆင့်အနေဖြင့် လေအားလျှပ်စစ်တာဘိုင် ၃၂ လုံးကို တပ်ဆင်ပြီးဖြစ်ကာ ဓာတ်အားလိုင်းကွန်ရက်နှင့်ချိတ်ဆက်၍လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနေပြီ ဖြစ်သည်။

အီသီယိုးပီးယား လျှပ်စစ်ဓာတ်အားကုမ္ပဏီ (EEP)အမှုဆောင်အရာရှိချုပ် Ashebir Balcha က အီသီယိုးပီးယားနိုင်ငံ ဆိုမာလီပြည်နယ်တွင် ကြွယ်ဝသည့် လေစွမ်းအင်၊ နေစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်များ ရှိကြောင်း၊ Aysha လေအားလျှပ်စစ်စီမံကိန်းသည် အီသီယိုးပီးယားနိုင်ငံ၏ အဓိက အစိမ်းရောင်စွမ်းအင် အခြေခံအဆောက်အဦအနေဖြင့် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ပြီးနောက် အဒစ်အာဘာ-ဂျီဘူတီ ရထားလမ်းစီးပွားရေးစင်္ကြံတည်ဆောက်ရေးအတွက် အားထားရသည့် လျှပ်စစ်ဓာတ်အား အာမခံပံ့ပိုးမှုဖြစ်လာမည် ဖြစ်ပြီး ဂျီဘူတီသို့ အီသီယိုးပီးယားနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တင်ပို့မှုစွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中企承建埃塞俄比亚风电项目投产 三国领导人出席仪式
新华社亚的斯亚贝巴2月1日电(记者刘方强)由中国企业承建的埃塞俄比亚阿伊萨风电项目1月31日在该国东部的索马里州举行投产发电仪式,埃塞总理阿比、吉布提总统盖莱、索马里总统马哈茂德等出席。
阿比在活动现场表示,清洁能源对于埃塞的长期经济发展至关重要,阿伊萨风电项目体现了埃塞通过利用当地资源实现自力更生的追求。“感谢埃塞俄比亚电力公司、承建该项目的中国东方电气集团以及该地区的人民,感谢你们为项目第一阶段的完工所作的贡献。”
据了解,阿伊萨风电项目于2017年开始启动建设,东方电气与业主埃塞俄比亚电力公司签署总承包合同。项目设计总装机容量120兆瓦,安装48台单机2.5兆瓦的风电机组。目前,第一阶段32台风电机组已完成安装,开始并网发电。
埃塞俄比亚电力公司首席执行官阿谢比尔·巴尔查说,埃塞的索马里州地区拥有丰富的风能、太阳能和天然气资源。阿伊萨风电项目作为埃塞重要绿色能源基础设施,投产后将为亚吉铁路经济走廊建设提供可靠电力保障,并提升埃塞俄比亚对吉布提的电力出口能力。(完)
1. This undated file photo shows a view of the Aysha II Wind Power Plant in Somali Regional State, Ethiopia. (Dongfang Electric Corporation/Handout via Xinhua)