International Organizations
ပင်လယ်သေ မာရသွန်အပြေးပြိုင်ပွဲတွင် အပြေးသမား ၈,၇၀၀ ပါဝင်ယှဉ်ပြိုင်
ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့သော နှစ်ပတ်လည် ပင်လယ်သေ မာရသွန်အပြေးပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသ ၄၃ ခုမှ အပြေးသမား ၈,၇၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အစ္စရေးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆားငန်ရေကန်၏ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက်တွင် ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၏ ပြေးလမ်းအစိတ်အပိုင်းတစ်ခုမှာ အစ္စရေးနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံကြား နယ်စပ်တမံတလျှောက် ၎င်းရေကန်၏အလယ်ဗဟိုသို့ ဦးတည်သွားမည်ဖြစ်ကာ ထိုနေရာသည် အများအားဖြင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ခွင့်ပြုထားသော ဝန်ထမ်းများကိုသာ ဝင်ရောက်ခွင့်ကန့်သတ်ထားပြီး အဆိုပါမာရသွန်နေ့တွင်သာ အများပြည်သူအတွက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အမျိုးသားမာရသွန်အပြေးပြိုင်ပွဲတွင် အစ္စရေးနိုင်ငံမှ Dvir Tsuberi က ပန်းဝင်ချိန် ၂ နာရီ ၃၈ မိနစ်နှင့် ၃ စက္ကန့်ဖြင့် အနိုင်ရခဲ့ပြီး ၎င်း၏ မိတ်ဆွေ အစ္စရေးနိုင်ငံသူ Sarit Hirschberg က အမျိုးသမီးချန်ပီယံဆုကို ပန်းဝင်ချိန် ၃ နာရီ ၃၇ မိန်စ ၅၀ စက္ကန့်ဖြင့် ရရှိခဲ့သည်။
အဆိုပါပင်လယ်သေ မာရသွန်အပြေးပြိုင်ပွဲ၌ တာဝက်မာရသွန်၊ ၅၀ ကီလိုမီတာ၊ ၁၅ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၅ ကီလိုမီတာ ပြိုင်ပွဲများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)



………………
(English Version)
8,700 runners race in Dead Sea marathon
JERUSALEM, Feb. 6 (Xinhua) — About 8,700 runners from 43 countries and regions participated in the annual Dead Sea Marathon on Friday.
Being held along the southern shores of the salt lake in southeastern Israel, a part of the course runs toward the center of the lake along the border embankment between Israel and Jordan, an area usually restricted to security forces and authorized personnel, and opened to the public only on marathon day.
Israel’s Dvir Tsuberi won the men’s marathon with two hours, 38 minutes and 3 seconds, while fellow Israeli Sarit Hirschberg claimed the women’s title in 3:37:50.
The event also featured half-marathon, 50 km, 15 km, 10 km, and 5 km races. ■
English Caption
An aerial drone photo taken on Feb. 12, 2025 shows a view of the Dead Sea near Ein Gedi beach in Israel. (Photo by Gil Cohen Magen/Xinhua)
