Connect with us

International Organizations

လာလီဂါတွင် ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို အဝေးကွင်း၌ အနိုင်ရရှိ၊ ဘက်တစ်က အက်သလက်တီကိုကို အနိုင်ယူကာ ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် လာလီဂါ ဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမား ကီလီယန် အမ်ဘာပေ၏ ယှဉ်ပြိုင်ကစားဟန်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မက်ဒရစ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို ဘယ်နောက်ခံလူ အယ်လ်ဗာရို ကာရဲရက်စ်နှင့် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေတို့၏ ဒုတိယပိုင်းသွင်းဂိုးများနှင့်အတူ အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံပြေးလမ်းတွင် လက်ရှိချန်ပီယံ ဘာစီလိုနာကို တစ်မှတ်အကွာမှ ဆက်လက်ဖိအားပေးလျက်ရှိသည်။
ပွဲချိန် ၆၅ မိနစ်တွင် ကာရဲရက်စ်က ပြိုင်ဘက်ကစားသမားများ၏ ဖျက်ထုတ်မှုများကို တစ်ကိုယ်တော်အစွမ်းဖြင့် ကျော်ဖြတ်ကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ရီးရဲလ်မက်ဒရစ်က အဆိုပါရလဒ်ကို ဒုတိယပိုင်း ပွဲပြီးခါနီးအထိ တည်တည်ငြိမ်ငြိမ်ဖြင့် ထိန်းထားခဲ့ပြီး နာကျင်အချိန်ပိုတွင် အမ်ဘာပေက အနိုင်သေချာစေမည့်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။
မက်ဒရစ်အနေဖြင့် ဘာစီလိုနာကို ထက်ကြပ်မကွာ လိုက်လံဖိအားပေးနိုင်ခဲ့သော်လည်း ဗလင်စီယာအသင်းမှာမူ တန်းဆင်းဇုန်အနီးသို့ ရောက်ရှိသွားပြီဖြစ်သလို စပိန်ဘုရင့်ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရသည့်အတွက် ခက်ခဲသော သီတင်းပတ်တစ်ပတ်ကို ဖြတ်သန်းနေရသည်။
ရီးရဲလ်ဘက်တစ်က အက်သလက်တီကို မက်ဒရစ်ကို မက်ထရိုပိုလစ်တာနိုကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ယူကာ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ဘက်တစ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၂၉ မိနစ်တွင် အန်တိုနီက သွင်းယူခဲ့သည်။
လွန်ခဲ့သော သုံးရက်က အက်သလက်တီကိုကို အိမ်ကွင်း၌ ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ဘက်တစ်အသင်းမှာ ယခုပွဲစဉ်၌ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားသွားခဲ့ပြီး ဒုတိယပိုင်းတွင် ချေပဂိုးခွင့်ပြုရဖွယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က လူကျွံဘောသတ်မှတ်ခဲ့သဖြင့် သက်သာရာရခဲ့သည်။
အက်သလက်တစ် ဘီဘာအိုက ဂေါ်ကာ ဂူရူဇက်တာ၏ ပထမပိုင်းသွင်းဂိုးနှစ်ဂိုး အပါအဝင် လီဗန်တေးကို အိမ်ကွင်း၌ ၄-၂ ဂိုးဖြင့် အနိုင်ယူကာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ပွဲချိန်နှောင်းပိုင်းတွင် ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ပွားခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် လာလီဂါ ဘောလုံးပွဲစဉ်၌ သွင်းဂိုးရရှိပြီးနောက် ရီးရဲလ်မက်ဒရစ် ကစားသမားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ- Str/Xinhua)

စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် လာလီဂါ ဘောလုံးပွဲစဉ်၌ ဗလင်စီယာအသင်းမှ အာနော့ ဒန်ဂျူမာ (ယာ) နှင့် ရီးရဲလ်မက်ဒရစ်အသင်းမှ ဖက်ဒရီကို ဗယ်လ်ဗာဒီတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ- Str/Xinhua)

…………………
(English Version)
Real Madrid wins in Valencia, Betis takes Copa revenge in La Liga
MADRID, Feb. 8 (Xinhua) — Second-half goals from left back Alvaro Carreras and Kylian Mbappe gave Real Madrid a 2-0 win away to Valencia on Sunday night, keeping the defending champion one point behind FC Barcelona in the La Liga title race.
Carreras opened the scoring in the 65th minute with an individual effort, riding a pair of weak challenges before finishing. Mbappe sealed the victory in injury time as Madrid steadily forced Valencia deeper in the second half.
While Madrid stayed on Barcelona’s heels, Valencia slipped closer to the relegation zone in a difficult week that also saw the club eliminated from the Copa del Rey.
Antony scored in the 29th minute as Real Betis avenged its recent Copa del Rey quarterfinal loss to Atletico Madrid with a 1-0 league win at the Metropolitano Stadium.
Betis, beaten 5-0 at home by Atletico just three days earlier, tightened defensively and was fortunate when a potential second-half equalizer for the hosts was ruled out for offside.
Gorka Guruzeta scored twice in the first half as Athletic Club returned to winning ways with a 4-2 home victory over Levante in a match that descended into chaos late on.
English Caption 1
Kylian Mbappe of Real Madrid competes during the La Liga football match between Valencia CF and Real Madrid in Valencia, Spain, Feb. 8, 2026. (Str/Xinhua)
English Caption 2
Players of Real Madrid celebrate a goal during the La Liga football match between Valencia CF and Real Madrid in Valencia, Spain, Feb. 8, 2026. (Str/Xinhua)
English Caption 3
Arnaut Danjuma (R) of Valencia vies with Federico Valverde of Real Madrid during the La Liga football match between Valencia CF and Real Madrid in Valencia, Spain, Feb. 8, 2026. (ဓာတ်ပုံ-Str/Xinhua)