Connect with us

Africa & Middle East

အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်တာဝန်ရှိသူ ၄၀ ဦး သေဆုံးခဲ့ဟု ဆို

အီရန်နိုင်ငံ တီဟီရန်မြို့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တီဟီရန်တက္ကသိုလ်အနီးမှ မြင်ကွင်းတစ်ခုအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အီရန်တာဝန်ရှိသူ ၄၀ ခန့် သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကား၍ CBS News သတင်းဌာနက ဖော်ပြခဲ့သည်။
Fox News သတင်းဌာနကလည်း ဖေဖော်ဝါရီ ၂၈ ရက် တိုက်ခိုက်မှုအတွင်း အီရန်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူ ၄၀ ကျော် သေဆုံးခဲ့သည်ဟု အစ္စရေးတာဝန်ရှိသူများ၏ အဆိုကို ကိုးကားဖော်ပြခဲ့ကာ တီဟီရန်ရှိ အဆောက်အအုံဝင်းတစ်ခု၌ အစည်းအဝေးပြုလုပ်နေသည့် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့်အတူ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးမှ ၁၀ ဦးအထိ သေဆုံးခဲ့သည်ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ကြီးမားကျယ်ပြန့်သည့် စစ်ဆင်ရေးတစ်ရပ် ဆက်လက်ဆင်နွှဲသွားမည်ဟု ခါမေနီ သေဆုံးကြောင်း ဖေဖော်ဝါရီ ၂၈ ရက်၌ ကြေညာစဉ် ထည့်သွင်းပြောကြားခဲ့သည်။
“ဒီသီတင်းပတ်တစ်လျှောက်လုံး ဒါမှမဟုတ် လိုအပ်တဲ့ ကာလပတ်လုံး ပြင်းပြင်းထန်ထန်နဲ့ ပစ်မှတ်အတိအကျ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်သွားမှာပါ” ဟု ထရမ့်က ဆိုရှယ်မီဒီယာ ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ တီဟီရန်မြို့လယ်နေရာအား ၂၀၂၆ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
40 Iranian officials killed in U.S.-Israeli strikes: reports
WASHINGTON, Feb. 28 (Xinhua) — Some 40 Iranian officials were killed in the U.S.-Israeli attack on Saturday, CBS News reported, citing anonymous sources.
Fox News, citing Israeli officials, also said that Saturday’s strikes killed more than 40 senior Iranian security and government figures, noting that five to 10 top Iranian leaders were killed, along with Supreme Leader Ayatollah Ali Khamenei, who were meeting at a compound in Tehran.
Earlier Saturday, when announcing Khamenei’s death, U.S. President Donald Trump said the massive military campaign against Iran will continue.
“The heavy and pinpoint bombing, however, will continue, uninterrupted throughout the week or, as long as necessary,” Trump said in a post on social media.
English Caption 1
This photo taken on Feb. 28, 2026 shows a scene near the University of Tehran following attacks in Tehran, Iran. (Xinhua)
English Caption 2
This photo taken on March 1, 2026 shows a view of downtown Tehran, Iran. (Xinhua/Shadati)