Connect with us

International Organizations

တရုတ်နိုင်ငံအနေဖြင့် အီရန်အား အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း တရုတ်သံတမန် ပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ဆွေးနွေးပြောကြားနေသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အလယ်-အရှေ့) အား ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၁ ရက် (ဆင်ဟွာ)

အီရန်အား အမေရိကန်နှင့် အစ္စရေးတို့က ဖေဖော်ဝါရီ ၂၈ ရက်၌ စစ်ရေးအရ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပေါ် တရုတ်နိုင်ငံက အလွန်အမင်း စိုးရိမ်ကြောင်း ကုလသမဂ္ဂ (UN) ဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ပြောကြားခဲ့သည်။
သက်ဆိုင်ရာ နိုင်ငံအားလုံးအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူဝါဒများနှင့် ရည်ရွယ်ချက်များအား လိုက်နာသင့်သည်ဟူသော အချက်ကို တရုတ်နိုင်ငံက အစဉ်တစိုက် ထောက်ခံအားပေးကာ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်၌ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံး၍ ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ရှုတ်ချကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ ဖုက ပြောကြားခဲ့သည်။
“အီရန်နဲ့ ဒေသတွင်းက တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံမှု၊ နယ်မြေပိုင်နက် ပြည့်စုံမှုတို့ကို လေးစားရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံက အလေးအနက်ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ပဋိပက္ခကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အများအပြားရှိနေသည့်အပေါ် တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း ဝမ်းနည်းမိကြောင်း၊ စစ်ရေးပဋိပက္ခများတွင် အရပ်သားများကို အမြဲတစေ အကာအကွယ်ပေးရမည့် အနီရောင်စည်းကို ကျော်လွန်ခြင်းမပြုသင့်သလို မဆင်မခြင် အင်အားသုံးခြင်းကိုလည်း လက်သင့်မခံကြောင်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ပြောကြားခဲ့သည်။
“သက်ဆိုင်ရာ နိုင်ငံအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေ အပါအဝင် နိုင်ငံတကာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်စွာထမ်းဆောင်ဖို့၊ အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိရေး ထိထိရောက်ရောက် ဆောင်ရွက်သွားဖို့နဲ့ အရပ်ဘက် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ရှောင်ကြဉ်ကြဖို့ တရုတ်နိုင်ငံက တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောကြားသည်။

အရှေ့အလယ်ပိုင်းဒေသ၌ တင်းမာမှုများ အရှိန်မြင့်တက်ကာ ပိုမိုကျယ်ပြန့်လာခြင်းက မည်သူ့အတွက်မှ အကျိုးရှိစေမည်မဟုတ်ကြောင်း ဖုက အလေးထားပြောဆိုခဲ့ပြီး အင်အားသုံးခြင်းမှာ နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မှန်ကန်သည့်နည်းလမ်း မဟုတ်သည့်အပြင် အမုန်းတရားနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကိုပါ အရှိန်မြင့်တက်စေမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
“တွေ့ဆုံဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုကသာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့ကာ တင်းမာမှု ပိုမိုအရှိန်မြင့်တက်လာသည့် သံသရာစက်ဝန်းကို တားဆီးရေးအတွက် စစ်ရေးအရ တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း အလေးအနက်ပြောကြားခဲ့သည်။
ဆက်လက်၍ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် နိုင်ငံရေး သဘောထားမှန်ကန်မှုကို လက်တွေ့ပြသရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လည်စတင်ရန်၊ နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရန် ကြိုးပမ်းသည့် လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ဦးတည်ရန်လည်း တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က တိုက်တွန်းခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ဆက်လက်ဖော်ဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်လည်ရရှိစေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ အသင့်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
China deeply concerned about U.S.-Israel strikes against Iran: envoy
UNITED NATIONS, March 1 (Xinhua) — China is “deeply concerned” about the military strikes that the United States and Israel launched against Iran on Saturday, said Fu Cong, China’s permanent representative to the United Nations (UN).
Speaking at the UN Security Council emergency meeting, Fu said China consistently advocates that all parties should abide by the purposes and principles of the UN Charter, and opposes and condemns the use or threat of force in international relations.
“China stresses that the sovereignty, security, and territorial integrity of Iran and other regional countries must be respected,” he said.
Noting that China is deeply saddened by the large number of civilian casualties caused by the conflict, the ambassador said that at all times, “the red line for protecting civilians in armed conflict must not be crossed, and the indiscriminate use of force is unacceptable.”
“China calls on all parties to fulfill their obligations under international law, including international humanitarian law, effectively ensure the safety of civilians, and avoid attacks on civilian facilities,” he said.
Underscoring that the escalation and spillover of tensions in the Middle East serve no one’s interests, Fu said the use of force is not the right way to settle international disputes, and it only intensifies hatred and confrontation.
“Dialogue and negotiations are the only way to resolve differences,” he said, stressing that China calls for an immediate cessation of military actions to prevent further cycles of escalation.
The ambassador urged the parties concerned to demonstrate political sincerity, resume dialogue and negotiations as soon as possible, and return to the right track of seeking a political solution.
“China stands ready to work with the international community to advance peace efforts and help restore peace and stability in the Middle East at an early date,” he said.
English Caption
Fu Cong (C, front), China’s permanent representative to the United Nations, speaks at an emergency meeting of the Security Council at the UN headquarters in New York, June 22, 2025. (Xinhua/Xie E)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.