Connect with us

Europe

တရုတ်နှင့် အမေရိကန်တို့ ပဲရစ်မြို့တွင် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေး

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (OECD) ရုံးချုပ်ကို ၂၀၂၆ ခုနှစ် မတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များ ဆွေးနွေးရန် မတ် ၁၅ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ဘူဆန်မြို့အစည်းအဝေးနှင့် ယခင်က တယ်လီဖုန်းခေါ်ဆိုမှုများအတွင်း နှစ်နိုင်ငံ အကြီးအကဲများအကြား ရရှိထားသည့် အရေးကြီးဘုံသဘောတူညီချက်များ၏ လမ်းညွှန်မှုဖြင့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များသည် အပြန်အလှန်ဆက်စပ်မှုရှိသော စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်များဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၌ ချိတ်ဆက်ဆွေးနွေးကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၃ ရက်က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက ဦးဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
China, U.S. start economic, trade talks in Paris
PARIS, March 15 (Xinhua) — The Chinese and U.S. delegations convened on Sunday morning for talks on economic and trade issues.
Guided by the important consensuses reached between the heads of state of the two countries during their meeting in Busan and all previous phone calls, the two sides will engage in consultations on economic and trade issues of mutual concern, a spokesperson for China’s Ministry of Commerce said in a statement on Friday.
The Chinese delegation is led by Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee.
Photo: This photo taken on March 15, 2026 shows the headquarters of the Organisation for Economic Co-operation and Development (OECD) in Paris, France. (Xinhua/Wu Huiwo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.