Africa & Middle East
တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းက အာဖရိကအတွက် လေ့လာဖွယ်ရာများပေးဟု ပညာရှင် ဆို
လူဆာကာ၊ မတ် ၂၄ ရက် (ဆင်ဟွာ)
အာဖရိကနိုင်ငံများအနေဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် တည်ငြိမ်မှုရရှိရန်အတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်းတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ သင်ယူနိုင်ကြောင်း ဇမ်ဘီယာနိုင်ငံသား ပညာရှင်တစ်ဦးက မတ် ၂၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ မူဝါဒများတွင် ၎င်း၏ တစ်သမတ်တည်းရှိမှုကို အထောက်အကူပြုကြောင်း၊ ယင်းမှာ အာဖရိကနိုင်ငံများအတွက် လေ့လာသင့်သော သင်ခန်းစာများဖြစ်ကြောင်း ဇမ်ဘီယာနိုင်ငံမှ စွမ်းအင်ပညာရှင်နှင့် စီးပွားရေးအတိုင်ပင်ခံ Johnstone Chikwanda က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တစ်ဟုန်ထိုးမြင့်တက်မှုမှာ တိကျသော ရေရှည်စီမံကိန်းရေးဆွဲခြင်း၏ ရလဒ်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ရာတွင် ၎င်း၏ တစ်သမတ်တည်းရှိမှုနှင့် စိတ်ပိုင်းဖြတ်မှုကလည်း အစီအစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကြောင်း တရုတ်နိုင်ငံ၏ မကြာသေးမီက အတည်ပြုခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်ပတ်သက်၍ မှတ်ချက်ပေးရာတွင် Chikwanda က ပြောကြားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အင်အားကြီးနိုင်ငံဖြစ်လာရန် တရုတ်နိုင်ငံ၏ ရည်မှန်းချက်အပေါ် ၎င်းအနေဖြင့် ယုံကြည်မှုရှိကြောင်း၊ ယင်းရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် တရုတ်နိုင်ငံတွင် အရင်းအမြစ်များနှင့် သုတေသနအဆောက်အအုံများ ရှိကြောင်း Chikwanda က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နည်းပညာတိုးတက်မှုမှာ ၎င်းတို့၏ ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကြောင့် အာဖရိကတိုက်အတွက် အကျိုးရှိစေလိမ့်မည်ဟုလည်း Chikwanda က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China’s long-term development planning offers lessons for Africa: expert
LUSAKA, March 23 (Xinhua) — African countries could learn from China’s experience in long-term development planning to help achieve stability in their development agendas, a Zambian expert said Monday.
Johnstone Chikwanda, an energy expert and business consultant in Zambia, told Xinhua that China’s long-term development planning contributed to its consistency in policies, which holds lessons for African countries.
Commenting on China’s recently approved 15th Five-Year Plan, Chikwanda said China’s development leap over the past decades was the result of meticulous long-term planning and its consistency and determination in pursuing the development agenda have ensured effective implementation of the plans.
He expressed optimism about China’s goal of becoming a global innovation powerhouse, saying that the country has the resources and research facilities to reach the goal.
He further noted that China’s technological advancement will benefit the African continent due to their strong partnership. ■
English Caption
The launching ceremony of the 2026 China-Africa Year of People-to-People Exchanges is held at the African Union (AU) headquarters in Addis Ababa, the capital of Ethiopia, Jan. 8, 2026. (Xinhua/Han Xu)
