Connect with us

Asia

(အာရှ-ပစိဖိတ် အသိုက်အဝန်း) အတူမျှဝေပိုင်ဆိုင်သည့် မြစ်ကိုကျော်လွန်သော ချစ်ကြည်ရင်းနှီးမှု၊ အသေးစား စီမံကိန်းများက မဲခေါင်ဒေသတွင်း နိုင်ငံများအတွက် ကြီးမားသော အပြောင်းအလဲများကို ဆောင်ကြဉ်းပေး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မြောက်ပိုင်း ကီလိုမီတာ ၃၅၀ အကွာရှိ နမ်သာ အမှတ်-၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ လွမ်ပရာဘန်ပြည်နယ် ဟက်ကိ(ပ်) ကျေးရွာမှ ရွာသူရွာသားများသည် ၂၀၂၁ ခုနှစ်မတိုင်မီက သန့်ရှင်းမှုမရှိသည့် စမ်းရေကို ရရှိရန်အတွက်ပင် နှစ်နာရီကြာလမ်းလျှောက်ကာ ရေခပ်ဆင်းခဲ့ရသည်။ ရေပေးဝေမှုကို တစ်သမတ်တည်း မရရှိနိုင်သလို ရေမှတစ်ဆင့်ကူးစက်သော ရောဂါများမှာလည်း ပျံ့နှံ့ဖြစ်ပွားခဲ့ကာ ကလေးငယ်များသည် စာသင်ခန်းထဲမှထွက်ကာ သောက်သုံးရေ ရှာဖွေခဲ့ကြရသည်။ ယခုအခါ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင်အရ သင့်တင့်စွာဖြင့် သီးသန့်ရည်ရွယ်ကာ ဖော်ဆောင်ခဲ့သော စီမံကိန်း၏ အကျိုးကျေးဇူးကြောင့် ငါးမိနစ်အတွင်း ‌လမ်းလျှောက်သွားရုံဖြင့် ဘုံပိုင်ခေါင်းများမှ ‌ရေကြည်ရေသန့်များ ရရှိနိုင်ပြီဖြစ်သည်။
“အခု ကျွန်တော်တို့ ရေကြည်‌ရေသန့်တွေ ရရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှုတွေ လျော့ကျသွားလို့ ‌ဆေးဖိုးဝါးခတွေလည်း သက်သာသွားတယ်” ဟု ကျေးရွာတာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူဗန်းက ဆိုသည်။
ယင်းကဲ့သို့ လူမှုဘဝ မြှင့်တင်ပြောင်းလဲပေးမှုကို လန်ချန်း-မဲခေါင် Sweet Spring Action စီမံကိန်းဟု ခေါ်တွင်ကာ ယင်းအား ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့ကို ဖြတ်သန်း၍ အသေးစား ရေပေးဝေရေးစနစ် ၁၁၀ ခုကို တည်ဆောက်ထားခြင်းဖြစ်ပြီး ကျေးလက်နေဒေသခံ ၁၃,၀၀၀ ခန့် လက်လှမ်းမီအသုံးပြုနိုင်ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်‌ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260327/cad9f70dbc3242259ab6bd9d68f51793/c.html

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ် ယွိစု ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျာတော ခရိုင်ရှိ လန်ချန်းမြစ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ဝေဟင်မှ ဒရုန်းဖြင့်ရိုက်ကူးထားသော မြင်ကွင်းကျယ်ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးလည်းဖြစ်သူ ပရက်ခ် ဆိုခွန်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် Lancang-Mekong Cooperation (LMC) Night အခမ်းအနား၌ အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် မတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Asia-Pacific Community: Bond beyond shared river: Small projects deliver big changes across Mekong countries
VIENTIANE, March 27 (Xinhua) — Before 2021, villagers in Hatkeep Village, Luang Prabang province of Laos, spent two hours walking to collect unclean stream water. Supplies were erratic, waterborne illnesses were widespread, and children left class to find drinking water. Today, taps deliver clean water within a five-minute walk, thanks to a modest, targeted project under the Lancang-Mekong Cooperation (LMC) framework.
“Now we have clean water, diseases are reduced, and our medical expenses have also decreased,” said Souvanh, a village official.
This life-changing upgrade is called the Lancang-Mekong Sweet Spring Action, which has built 110 small-scale water supply systems across Cambodia, Laos and Myanmar, reaching about 13,000 rural residents.
https://english.news.cn/20260327/cad9f70dbc3242259ab6bd9d68f51793/c.html
English Caption 1
This photo taken on Dec. 13, 2021 shows a view of the Nam Tha No.1 hydropower station, 350 km north of Vientiane, Laos. (Photo by Kaikeo Saiyasane/Xinhua)
English Caption 2
An aerial panoramic drone photo taken on Oct. 26, 2025 shows a view of the Lancang River in Zadoi County, Yushu Tibetan Autonomous Prefecture, northwest China’s Qinghai Province. (Xinhua/Du Xiaowei)
English Caption 3
Cambodian Minister of Foreign Affairs and International Cooperation Prak Sokhonn, also a deputy prime minister, delivers a speech at the Lancang-Mekong Cooperation (LMC) Night in Phnom Penh, Cambodia, March 20, 2026. (Photo by Nitola/Xinhua)