International Organizations
တရုတ်အသင်းက ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရပြီး အမျိုးသမီးအာရှဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်
ဆစ်ဒနီ၊ မတ် ၇ ရက် (ဆင်ဟွာ)
မတ် ၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ အမျိုးသမီးအာရှဖလား အုပ်စုအဆင့် ဒုတိယပွဲစဉ်တွင် လီချင်ထုန် ၏ နှစ်ကြိမ်တိုင်တိုင် ဂိုးသွင်းယူမှုနှင့်အတူ ၃-၀ ဂိုးဖြင့် တရုတ်အသင်းက ဥဇဘက်ကစ္စတန်အသင်းကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
တရုတ်အသင်းက လွှမ်းမိုးထားသော စွမ်းဆောင်ရည်ဖြင့် ဘောလုံး ၂၇ ကြိမ် ကန်သွင်းခဲ့ပြီး ၇၈ ရာခိုင်နှုန်း ဘောလုံးပိုင်ဆိုင်မှုရှိခဲ့ပြီး ဥဇဘက်ကစ္စတန်အသင်းကမူ တစ်ကြိမ်မျှ ဂိုးမသွင်းနိုင်ခဲ့ပေ။
တိုက်စစ်မှူး ရှောက်ကျစ်ချင်း က ပွဲချိန် မိနစ် ၃၀ တွင် ပင်နယ်တီရရှိခဲ့ပြီး အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သည်။
ဥဇဘက်ကစ္စတန်အသင်းမှ အားနည်းသော ကာကွယ်ရှင်းထုတ်မှုအပြီးတွင် လီက ပွဲချိန် ၅၁ မိနစ်၌ ဂိုးဧရိယာအစွန်မှ မြှောက်ကန်ဘောဖြင့် တရုတ်အသင်း၏ ဒုတိယဂိုးကို သွင်းယူခဲ့သည်။
ပွဲချိန် ၇၇ မိနစ်တွင် ကျန်းရှင်း မှ ပေးပို့ခဲ့သည့် ညာခြမ်းမှ ဖြတ်တင်ဘောကို လီက ဥဇဘက်ကစ္စတန်အသင်း၏ ခံစစ်ကစားသမားများကို ကျော်ဖြတ်ကာ ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီး တရုတ်အသင်း အောင်ပွဲဆင်ခဲ့ခြင်း ဖြစ်သည်။
မတ် ၆ ရက် အစောပိုင်း၌ မြောက်ကိုရီးယားအသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းရလဒ်ကြောင့် တရုတ်အသင်းက အုပ်စု B တွင် ဂိုးကွာခြားချက်ဖြင့် မြောက်ကိုရီးယားအသင်း၏ နောက်၊ ဒုတိယနေရာတွင် ရပ်တည်နေသည်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Western Sydney အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါပြိုင်ပွဲ၌ တရုတ်အသင်းက အုပ်စု ဘီ ထိပ်ဆုံးနေရာအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရန် တတိယနှင့် နောက်ဆုံးအုပ်စုပွဲစဉ်အဖြစ် မြောက်ကိုရီးယားအသင်းနှင့် မတ် ၉ ရက်ညပိုင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China beats Uzbekistan to reach Women’s Asian Cup quarterfinal
SYDNEY, March 6 (Xinhua) — Li Qingtong scored twice as China beat Uzbekistan 3-0 in the second group game at the 2026 AFC Women’s Asian Cup on Friday night to guarantee a quarterfinals spot.
In a dominant performance, China had 27 shots with 78 percent possession, while Uzbekistan failed to make a single attempt on goal.
Striker Shao Ziqin opened the scoring in the 30th minute when she won a penalty and then converted it.
Li doubled the advantage in the 51st minute with a lob from the edge of the area after a poor clearance from Uzbekistan.
China sealed the win in the 77th minute when Zhang Xin delivered a cross from the right, and Li out-jumped Uzbekistan’s defenders to finish with a header.
Earlier on Friday, DPR Korea crushed Bangladesh 5-0. The result leaves China in second place in Group B, sitting behind DPR Korea on goal difference.
China will play DPR Korea in its third and final group stage match at Western Sydney Stadium on Monday night in a head-to-head clash for top spot in Group B. ■
English Caption
Wang Shuang (C) of China competes during the Group B match of Women’s Asian Cup between China and Bangladesh at Western Sydney Stadium in Sydney, Australia, March 3, 2026. (Photo by Hu Jingchen/Xinhua)
