International Organizations
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်များမှာ ခွင့်ပြုချက်မရှိသော စစ်ဆင်ရေးများကို တရားဝင်မှုမဖြစ်စေသင့်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
ပေကျင်း၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်များမှာ ခွင့်ပြုချက်မရှိသော စစ်ဆင်ရေးများကို ဥပဒေအရ အကာအကွယ်ပေးရမည် မဟုတ်သကဲ့သို့ တင်းမာမှုများ အရှိန်မြင့်တက်အောင် သို့တည်းမဟုတ် ပဋိပက္ခ အရှိန်မြင့်တက်အောင် လုပ်ဆောင်ခြင်းလည်း မဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီ ၂ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဥရောပကော်မရှင်၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကာလက်စ်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာလက်စ်က အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့်စပ်လျဉ်း၍ ၎င်း၏အမြင်ကို မျှဝေခဲ့ပြီး တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က ပါရှန်းပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ၌ တည်ငြိမ်အေးချမ်းမှု ပြန်လည်ဖော်ဆောင်ရေးအတွက် အချက်ငါးချက်ပါဝင်သော လတ်တလော အဆိုပြုချက် ထုတ်ပြန်မှု အပါအဝင် အခြေအနေတင်းမာမှု လျှော့ချရေးအတွက် သံတမန်လမ်းကြောင်းမှ ကြားဝင်စေ့စပ်ပေးရန် တရုတ်နိုင်ငံ၏ တက်တက်ကြွကြွ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးပြောဆိုခဲ့သည်။
ဥရောပအနေဖြင့် ထိုစစ်ပွဲ၌ ပါဝင်ခဲ့ခြင်းမရှိစေကာမူ ယင်းစစ်ပွဲ၏ နောက်ဆက်တွဲအကျိုးဆက်များကို ခံစားနေရကြောင်း၊ စစ်ပွဲအရှိန်လျော့ကျရေးကို အလျင်အမြန်လုပ်ဆောင်ကာ တွေ့ဆုံဆွေးနွေးမှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။
ဥရောပအနေဖြင့် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်များကိုလည်းကောင်း၊ အရပ်သားများနှင့် စစ်ရေးနှင့်မသက်ဆိုင်သော နေရာများအား အကာအကွယ်ပေးခြင်းကိုလည်းကောင်း ထောက်ခံအားပေးကာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ရေကြောင်းသွားလာမှုများ ဖွင့်လှစ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုအခါ ဝမ်က နိုင်ငံတကာ၌ ကသောင်းကနင်း အခြေအနေများ လတ်တလော ဖြစ်ပွားနေစဉ် တရုတ်နိုင်ငံနှင့် ဥရောပတို့အနေဖြင့် ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန် ကူးလူးဆက်ဆံမှုများ မြှင့်တင်ရန်၊ ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေပြု နိုင်ငံတကာ စည်းစနစ်တို့ကို ဆက်လက်ထိန်းသိမ်းရန် ဘုံတာဝန်တစ်ရပ် ရှိနေသည်ဟု ပြောကြားခဲ့သည်။
ဝမ်က အရှေ့အလယ်ပိုင်းဒေသ အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ရှင်းလင်းပြောဆိုခဲ့ကာ တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က အဆိုပြုထားသည့် အချက်ငါးချက် ပါဝင်သော အဆိုပြုချက်မှာ နိုင်ငံတကာ၏ တူညီဆန္ဒကို ကျယ်ကျယ်ပြန့်ပြန့် ထင်ဟပ်စေကြောင်း၊ ယင်းအဆိုပြုချက်၏ အဓိကအချက်များတွင် တိုက်ခိုက်မှုများကို ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တတ်နိုင်သမျှ အဆောလျင်ဆုံး စတင်ရေး၊ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ လုံခြုံမှုရှိရေး၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အရေးကြီးအခန်းကဏ္ဍကို ကာကွယ်ထိန်းသိမ်းရေး စသည်တို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ခိုက်မှုများ အဆုံးသတ်ရေးမှာ နိုင်ငံတကာ အသိုက်အဝန်း၏ လေးလေးနက်နက် တောင်းဆိုမှုဖြစ်သကဲ့သို့ ဟော်မုဇ်ရေလက်ကြားမှ ဘေးကင်းစွာ ရေကြောင်းသွားလာနိုင်မှု သေချာစေရေးအတွက် အရေးကြီး ဖြေရှင်းချက်လည်းဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံအားလုံးအနေဖြင့် ပိုမိုကျယ်ပြန့်သော ဘုံသဘောတူညီမှုကို တည်ဆောက်ကာ အဆိုပါ ဦးတည်ချက် အထမြောက်ရေးအတွက် လိုအပ်သော အခြေအနေများကို ဖန်တီးပေးသင့်ကြောင်း ဝမ်က ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်များသည် အခြေအနေ ပြေလျော့ရေးနှင့် တင်းမာမှုများ လျှော့ချရေးကိုသာ အလေးထားလုပ်ဆောင်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တိုက်ခိုက်မှုများ ဆောလျင်စွာ အဆုံးသတ်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေးကို မြှင့်တင်အားပေးရန်အတွက် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ထိတွေ့ဆက်ဆံမှုများကို ထိန်းသိမ်းရန် အသင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260402/231685bfa3924599ba84d37b5e31d5c6/c.html
……………….
(English Version)
Chinese FM says UN Security Council actions should not legitimize unauthorized military operations
BEIJING, April 2 (Xinhua) — Chinese Foreign Minister Wang Yi said on Thursday that UN Security Council actions must not provide legal cover for unauthorized military operations, nor should they heighten tensions or escalate conflict.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a phone conversation with Kaja Kallas, the High Representative for Foreign Affairs and Security Policy of the European Commission.
Kallas shared her views on the situation in the Middle East and commended China’s active diplomatic mediation efforts to ease the situation, including the latest five-point joint initiative issued by China and Pakistan for restoring peace and stability in the Gulf and the Middle East.
The European side has not been involved in this war but has suffered from its spillover effects, she said, expressing hope for swiftly de-escalating the war and resuming dialogue and negotiations.
The European side supports UN humanitarian operations, the protection of civilians and non-military targets, and will make every effort to ensure the opening of navigation through the Strait of Hormuz, she said.
Wang said that amid the current international turmoil, it is the shared responsibility of China and Europe to step up communication and exchanges, and to uphold the UN-centered international system and the international order based on international law.
Wang elaborated on China’s principled position on the Middle East situation, noting that the five-point initiative proposed by China and Pakistan reflects a broad international consensus, whose core elements include a cessation of hostilities, the start of peace talks as soon as possible, ensuring the security of non-military targets and security of shipping lanes, and safeguarding the primacy of the UN Charter.
A ceasefire and an end to hostilities are the strong call of the international community, and also the fundamental solution to ensuring safe navigation through the Strait of Hormuz, Wang said, adding that all parties should build greater consensus and create the necessary conditions to that end.
The UN Security Council actions should focus on cooling down the situation and de-escalating tensions, Wang said, adding that China stands ready to maintain communication and cooperation with the European side to promote an early end to hostilities and restore regional peace.
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, and EU High Representative for Foreign Affairs and Security Policy Kaja Kallas hold the 13th round of China-EU High-level Strategic Dialogue in Brussels, Belgium, on July 2, 2025. (Xinhua/Peng Ziyang)
