Connect with us

International Organizations

၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်

– တရုတ်နိုင်ငံက ရုရှားနိုင်ငံနှင့်အတူ အရှေ့အလယ်ပိုင်းအခြေအနေ အရှိန်လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော
– အီရန်နိုင်ငံခြားရေးဝန်ကြီးက လတ်တလောဖြစ်ပွားနေသောစစ်ပွဲနှင့်စပ်လျဉ်း၍ ရုရှား၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
– နီပေါနိုင်ငံက စက်သုံးဆီအကျပ်အတည်းဖြစ်ပေါပြီး နောက်ဆက်တွဲအနေဖြင့် သီတင်းပတ်ကုန်ပိတ်ရက် နှစ်ရက် ကြေညာ
– ဟော်မုဇ်ရေလက်ကြားအကျပ်အတည်းဖြေရှင်းရာတွင် အပစ်အခတ်ရပ်စဲရေးက အဓိကကျကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆို
– အီရန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ တီဟီရန် လူနေဧရိယာကို တိုက်ခိုက်ခံခဲ့ရရာ လူ ၁၃ ဦးထက်မနည်း သေဆုံး
– အီရန်နိုင်ငံတွင် F-15E တိုက်လေယာဉ် ပစ်ချခံရရာ အမှုထမ်းနှစ်ဦးလုံးကို ကယ်ဆယ်နိုင်ခဲ့
– အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရမည့် နောက်ဆုံးရက် သက်တမ်းတိုးမည်ဟု ထရမ့် အရိပ်အမြွက်ပြောဆို
– အီရန်နှင့် “ထဲထဲဝင်ဝင်” ဆွေးနွေးညှိနှိုင်းလျက်ရှိဟု ထရမ့် ဆို၊ စစ်ဆင်ရေးရှေ့ဆက်ရေး အရိပ်အယောင်ပြောကြားဟု အစ္စရေးမီဒီယာ သတင်းဖော်ပြ
– ဘေရွတ်မြို့ တောင်ပိုင်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူ လေးဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ
– အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့် မပြီးစီးမီ လက်နက်စွန့်ရေးဆွေးနွေးမှုကို ဟားမက်စ် ပယ်ချ
– ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်ရပ်များအတွင်း လူ ၄၅ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ
– တရုတ်နိုင်ငံ၏ လူပုံစံတူစက်ရုပ်များက ဘရူနိုင်းနိုင်ငံ ရိုးရာအစဉ်အလာအခမ်းအနား၌ ထင်ရှားလျက်ရှိ
ကမ္ဘာ့စွမ်းအင် အကျပ်အတည်းဖြစ်ပွားနေချိန်- OPEC+ က မေလအတွင်း ရေနံထုတ်လုပ်မှု တိုးမြှင့်လုပ်ဆောင်မည်
– အီရန်အရပ်သား အခြေခံအဆောက်အအုံကို တိုက်ခိုက်မှုများ ဖြေလျှော့ရေး ရုရှားနှင့် အီရန် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး
– ဒုံးကျည်ကြားဖြတ်ပစ်ချခဲ့ပြီးနောက် ယူအေအီးရှိ ဆိပ်ကမ်းတွင် မီးလောင်မှုဖြစ်ပွားရာ လူလေးဦး ဒဏ်ရာရ
– ကာမာဒက်ကျွန်းစု တောင်ဘက်တွင် အင်အား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
– ပီရူးနိုင်ငံ မြို့တော်ရှိ အားကစားရုံတွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၄၇ ဦး ဒဏ်ရာရ
– လက်ဘနွန်နိုင်ငံ၏ တောင်တန်းထူထပ်သောဒေသကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဦး ‌သေဆုံး
– ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် သုံးဘီးဆိုင်ကယ် ဆလင်ဒါအိုးပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
– လစ်ဗျားနိုင်ငံ ကမ်းရိုးတန်းတွင် လှေနစ်မြုပ်မှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၇၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း အီတလီမီဒီယာ သတင်းဖော်ပြ
– ဂါဇာ၊ ဂျေရုဆလမ် အခြေအနေကို အာဒိုဂန်နှင့် ဟားမက်စ်ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး
– လူသေဆုံးမှုမြင့်လာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အရေးပေါ်ဝက်သက်ကာကွယ်ဆေး ထိုးနှံခြင်းကမ်ပိန်း စတင်
– အာဇော့ပင်လယ်တွင် ကုန်တင်သင်္ဘောကို ဒရုန်းတိုက်ခိုက်ခံရပြီးနောက် လူနှစ်ဦး သေဆုံး
– ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှုလုံခြုံရေးကို အိုမန်နှင့် အီရန် ဆွေးနွေး
– အန်ဂိုလာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၅ ဦး သေဆုံး
– အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ အရေးပါသော ဓာတုစက်ရုံကို အီရန်က ဒုံးကျည်ဖြင့်တိုက်ခိုက်ခဲ့ရာ မီးလောင်မှုဖြစ်ပွား
– သီရိလင်္ကာနိုင်ငံက ရက် ၃၀ အတွင်း သိုလှောင်ထားသည့်လောင်စာဆီ လီတာ ၅၀,၀၀၀ ကို သိမ်းဆည်း
– ပါကစ္စတန်နိုင်ငံ ဆင်းန်ပြည်နယ်က မွေးကင်းစက‌လေးငယ်များအကြား မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများ ထုတ်ပြန်
– အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ပြန်ပေးဆွဲဂိုဏ်းကို ဝင်ရောက်စီးနင်း၊ လူသုံးကို ဖမ်းဆီးထိန်းသိမ်း (Xinhua)


……………………….
(English Version)
– China willing to cooperate with Russia to de-escalate Mideast situation, says FM
– Iran’s FM discusses ongoing war with Russian, Indian counterparts over phone
– Nepal announces two-day weekend following fuel crisis
– Chinese FM says ceasefire key to resolving Hormuz Strait crisis
– At least 13 killed in attack on southeastern Tehran’s residential area — media
– Both crew members from downed F-15E in Iran rescued
– Trump hints at extending deadline for Iran to reopen Strait of Hormuz
– Trump says U.S. in “deep” negotiations with Iran, hints at continuation of operation: Israeli media
– Israeli airstrike kills 4, wounds over 30 in S. Beirut
– Hamas rejects disarmament talks before completion of 1st phase of ceasefire agreement
– 45 killed, over 100 injured in rain-related incidents in NW Pakistan
– China’s humanoid robots highlighted at Brunei’s traditional celebration
– OPEC+ to ramp up oil output in May amid global energy crisis
– Russian, Iranian FMs urge ceasing strikes on Iranian civilian infrastructure
– 4 injured in fire at UAE port after missile interception
– 5.2-magnitude quake hits south of Kermadec Islands – GFZ
– At least 1 dead, 47 injured in incident at stadium in Peru’s capital
– Israeli strike on Lebanon’s mountainous area kills 4
– 3 killed, 14 injured in rickshaw cylinder blast in Pakistan’s Punjab
– Over 70 migrants missing after boat capsizes off Libya: Italian media
– Hamas delegation discusses Gaza, Jerusalem situation with Erdogan
– Bangladesh launches emergency measles vaccination campaign amid rising deaths
– 2 killed after drone attack on cargo ship in Azov Sea
– Oman, Iran discuss navigation security in Strait of Hormuz
– Heavy rains leave 15 dead in Angola: media
– Iranian missile strike sparks fire at key chemical complex in S. Israel
– Sri Lanka seizes over 50,000 liters of hoarded fuel in 30 days
– Pakistan’s Sindh reports monkeypox cases among newborns
– Gang of kidnappers smashed, 3 detained in N. Afghanistan