Connect with us

North America

တူရကီ နိုင်ငံခြားရေးဝန်ကြီး၊ တူရကီ သမ္မတ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ သီးသန့်တွေ့ဆုံပြီး ဆီးရီးယားအရေးဆွေးနွေး

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် တို့ မတ်လ ၃၀ ရက်တွင် တူရကီနိုင်ငံ အန်ကာရာမြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu နှင့် တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan တို့သည် တူရကီနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန် နှင့် ဇူလိုင် ၉ ရက် က သီးခြားစီ တွေ့ဆုံခဲ့ကြကြောင်း နှင့် နေတိုးအဖွဲ့ဝင် မဟာမိတ် နှစ်နိုင်ငံသည် ဆီးရီးယား အရေး နှင့် ပတ်သက်၍ သဘောထားအနည်းငယ်ကွဲလွဲလျက်ရှိကြောင်း သိရသည်။

တူရကီ ထိပ်တန်းခေါင်းဆောင်များ နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ၎င်းတို့၏ အစည်းအဝေး နှင့် ပတ်သက်၍ ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနက ခေါင်းဆောင်များ၏ ဆွေးနွေးပွဲကို ဆီးရီးယားနိုင်ငံ၏ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး နှင့် ကာတာနိုင်ငံ အရေးတို့က လွှမ်းမိုးထားကြောင်း ဖော်ပြခဲ့သည်။

ဆီးရီးယားရှိ ကာ့ဒ် စစ်သွေးကြွများအား အမေရိကန်က လက်နက်များ ဆက်လက်တပ်ဆင်ပေးနေခြင်း နှင့် IS စစ်သွေးကြွတို့ ခြေကုပ်ယူထားသည့် ဆီးရီးယား ရှိ Raqqa မြို့ တိုက်ပွဲတွင် ၎င်းတို့အား ပါဝင်စေခြင်းနှင့်ပတ်သက်၍ တူရီကနိုင်ငံ နှင့် သဘောထားကွဲလွဲလျက်ရှိကြောင်း သိရသည်။သမ္မတ Erdogan နှင့် တေလာဆန်တို့သည် ဇူလိုင် ၉ ရက် ညနေပိုင်းတွင် တံခါးပိတ်ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း တူရကီမီဒီယာက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.