Connect with us

North America

အမေရိကန် အနောက်အလယ်ပိုင်းတွင် ပါတီတစ်ခု၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၁ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိ

ပစ်ခတ်မှုဖြစ်ပွားရာပါတီသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း အိုဟိုင်းအို ပြည်နယ် တွင် ဇူလိုင် ၈ ရက်ညက ပြုလုပ်ခဲ့သည့် ပါတီပွဲတစ်ခု၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၁ဦးသေဆုံးပြီး ကလေးငယ် သုံးဦးအပါအဝင် လူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။

Colerain မြို့ ရဲဋ္ဌာန က Colerain ရိပ်သာလမ်းအနီး ရှိ လူနေအိမ်တစ်ခုတွင် ည ၁၁း၂၀နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ရဲတပ်ဖွဲ့က ဒဏ်ရာရရှိခဲ့သော ကလေးငယ် ၃ဦး သည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း နှင့် ၎င်းတို့အား Cincinnati ကလေးဆေးရုံတွင် ကုသပေးထားကြောင်း ပြောကြားခဲ့သည်။အခြားဒဏ်ရာရရှိသူများကို Cincinnati တက္ကသိုလ် ဆေးကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် တစ်ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း၊ ဒုတိယတစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အခြေအနေတည်ငြိမ်လာပြီဖြစ်ကြောင်း နှင့် ကျန်ဒဏ်ရာရရှိသူများ၏ အခြေအနေကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုပါတီပွဲသည် ၎င်း၏ ကလေးငယ် မှာ ယောက်ျားလေး (သို့) မိန်းကလေး ဖြစ်ကြောင်း ကြေညာသည့်ပွဲတစ်ပွဲဖြစ်ကာ ၎င်း၏ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သောကြောင့် ကလေးငယ်ကို ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူသည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဝမ်းကွဲမောင်နှမတစ်ဦး ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်တွင် ပါတီသို့ လာရောက်သူများ စု၍ ရုပ်ရှင်ကြည့်နေကြကြောင်း သိရသည်။ဒဏ်ရာရရှိသူများနှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ သေနတ်သမား ၁ဦး (သို့) ၂ဦးလွတ်မြောက်နေကြောင်း နှင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရသိရသည်။ (Xinhua)