Connect with us

North America

ထရမ့်က အမေရိကန်ဆိုက်ဘာလုံခြုံရေးအကြီးအကဲကို ရာထူးမှ ထုတ်ပယ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဆိုက်ဘာလုံခြုံရေး နှင့် အခြေခံအဆောက်အဦလုံခြုံရေးအေဂျင်စီ (CISA) ညွှန်ကြားရေးမှူးအား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း နိုဝင်ဘာ ၁၇ ရက်တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။

“၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလုံခြုံရေးနဲ့ပတ်သက်ပြီး Chris Krebs ရဲ့ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဟာ လုံးဝမှန်ကန်မှု မရှိပါဘူး။ ဒါ့ကြောင့် သူ့ကို ဆိုက်ဘာလုံခြုံရေး နဲ့ အခြေခံအဆောက်အဦလုံခြုံရေးအေဂျင်စီညွှန်ကြားရေးမှူး ရာထူးကနေ ထုတ်ပယ်လိုက်ပါပြီ၊ ဒီအမိန့်ကချက်ချင်းအသက်ဝင်မှာပါ” ဟု သမ္မတထရမ့်က တွစ်တာတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရာထူးမှ ထုတ်ပယ်ခံရသော အမေရိကန်နိုင်ငံ ဆိုက်ဘာလုံခြုံရေးအကြီးအကဲ Chris Krebs အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ထို့ပြင် ထရမ့်က “ သေပြီးသားလူတွေမဲပေးတာ အပါအဝင် ရွေးကောက်ပွဲ မလျော်ကန်မှုနဲ့ လိမ်ညာမှုတွေ အများကြီးဖြစ်ခဲ့တယ်” ဟု ပြောကြားခဲ့သည်။ ၎င်းက “ မဲပေးမှုစောင့်ကြည့်တဲ့လူတွေကို မဲရုံထဲဝင်ခွင့်မပေးတာ ၊ မဲရေစက်က ထရမ့်ရဲ့မဲတွေကို ဘိုင်ဒန်ရဲ့မဲအဖြစ် ပြောင်းလဲလိုက်တာ ၊ နောက်ကျပြီးမဲပေးတာ ၊ အများကြီးပဲပေါ့ဗျာ ” ဟု တွစ်တာတွင် ဆက်လက်ရေးသားဖော်ပြခဲ့သည်။

သမ္မတထရမ့်သည် ၂၀၁၈ ခုနှစ် အမိမြေလုံခြုံရေးဌာနစတင်ဖွဲ့စည်းကတည်းက ဆိုင်ဘာလုံခြုံရေးနှင့်အခြေခံအဆောက်အဦလုံခြုံရေးအေဂျင်စီ (CISA) အကြီးအကဲအဖြစ် Krebs အား ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ဒီမိုကရက်တစ်ပါတီ ထောက်ခံသူများအပါအဝင် အမေရိကန်နိုင်ငံရှိ သတင်းမီဒီယာများစွာက သက်သေတစ်စုံတစ်ရာပြနိုင်ခြင်းမရှိသော လက်ရှိသမ္မတထရမ့်၏ စွပ်စွဲချက်များအပေါ် ပယ်ချထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.