Connect with us

North America

မက္ကဆီကို တွင် ပြိုင်ဘက်မိသားစု နှစ်ခုအကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ လူ၁၀ဦးသေဆုံး

မက္ကဆီကိုနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်အချို့အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ သြဂုတ် ၈ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်း တွင် မိသားစု နှစ်ခုကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ဒူရန်ဂိုပြည်နယ် ရဲတပ်ဖွဲ့ ကသြဂုတ် ၇ ရက်တွင်ပြောကြားခဲ့သည်။

ဒူရန်ဂိုပြည်နယ် လုံခြုံရေးအရာရှိချုပ် Javier Casterllon Garza က မိသားစု ၂စုမှ သေဆုံးသွားသူများသည် နှစ်ဖက်မိသားစု အငြိုးကြီးမှုဖြင့် နယ်မြေအတွင်း နာမည်ကျော်ကြားသူများဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

တာမာဇူလာစည်ပင်သာယာရေးနယ်နိမိတ် ရှိ စန်ဂျို့ဒီဗီဘိုရီလာ့စ် အားကစားကွင်းတွင် ဒေသစံတော်ချိန် သြဂုတ်လ ည ၁၀နာရီ မှ ၁၁နာရီအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်ဒဏ်ရာများဖြင့် လူသုံးဦးအား နီးစပ်ရာဆေးရုံသို့ ခေါ်ဆောင်လာစဉ် လမ်းခရီး၌သေဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့က ယင်းဖြစ်ရပ်အား သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Casterllon က အာဏာပိုင်များသည် အားကစားကွင်းအတွင်း၌ အခြားသေဆုံးသူ အမျိုးသား အလောင်း ၇လောင်းကိုတွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သေဆုံးသူ ၄ဦးမှာ Meraz မိသားစုမှ ညီအကိုသုံးဦး နှင့် ၎င်းတို့၏ ဝမ်းကွဲညီအကို တစ်ဦးဖြစ်ပြီး အခြားသေဆုံးသူ သုံးဦးမှာ Astorga မိသားစုမှဖြစ်ကြောင်း သိရသည်။

အခြားသေဆုံးသူ သုံးဦး၏ ကိုယ်ရေးအချက်အလက်များကို စုံစမ်းဆဲဖြစ်ကြောင်း ဒေသခံရဲချုပ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။

၎င်းက လွန်ခဲ့သည့်နှစ်များအတွင်း သွေးထွက်သံယို ပဋိပက္ခများဖြစ်ပွားခဲ့ရာ Astorga မိသားစုမှ မိသားစုဝင်တစ်ဦး သေဆုံးသွားပြီးနောက် ယင်းမိသားစု နှစ်စုအကြား ပြဿနာများ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.