Connect with us

North America

အမေရိကန်နိုင်ငံရှိ သဘောၤဆိပ်ကမ်းတစ်ခုတွင် ဓာတုပစ္စည်း ယိုစိမ့်မှုဖြစ်ပွားရာ ၁၃ ဦးဒဏ်ရာရ

ဓာတုပစ္စည်းယိုစိမ့်မှုဖြစ်ပွားခဲ့သော Long Beach ဆိပ်ကမ်း၌ စစ်ဆေးမှုများပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်) #အမေရိကန်နိုင်ငံ၌ #ဓာတုပစ္စည်းယိုစိမ့်မှုဖြစ်ပွား#

လော့စ်အိန်ဂျလိစ် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လောစ့်အိန်ဂျလိစ်မြို့အနီးရှိ အဓိက ဆိပ်ကမ်းတစ်ခု၌ သြဂုတ်လ ၇ ရက်တွင် ကုန်တင်သင်္ဘောတစ်စင်းပေါ်မှ ဓာတုပစ္စည်းများ ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ သင်္ဘောသား ၁၂ ဦး နှင့် မီးသတ်သမားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

Long Beach ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ကုန်တင်သင်္ဘောတစ်စင်းပေါ်ရှိ ဂါလံ ၆ဝဝဝ ဆန့် ကုန်သေတ္တာတစ်လုံးထဲမှ ဓာတုပစ္စည်းများသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ယိုစိမ့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Long Beach မီးသတ်ဌာနက ဆိုသည်။ဒဏ်ရာရရှိသွားသူများအနက် သင်္ဘောသား ၁၂ ဦးမှာ ယိုစိမ့်ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်းကြောင့်ဖြစ်ပြီး မီးသတ်သမားတစ်ဦးမှာမူ အခင်းဖြစ်နေရာ၌ လဲကျခဲ့ခြင်းကြောင့် ဖြစ်ကြောင်း မီးသတ်ဌာန၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

ဒေသတွင်း KTLA1 ရုပ်သံလိုင်းက တင်ပြရာတွင် သင်္ဘောသား ၁၁ ဦးမှာ အခင်းဖြစ်နေရာ၌ ဒဏ်ရာအနည်းငယ် ရသွားကြောင်း နှင့် တစ်ဦးမှာ ဒဏ်ရာများသဖြင့် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။အခင်းဖြစ်ပွားပြီးနောက် ကုန်သေတ္တာကို သင်္ဘောပေါ်မှ ဖယ်ရှားလိုက်ကြောင်း သိရသည်။ဆိပ်ကမ်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပတ်ဝန်ကျင်းထိခိုက်မှုမဖြစ်ပေါ်စေရန် အခင်းဖြစ် ဆိပ်ကမ်းတစ်လျှောက် အလျား ၁၅၀ ကိုက် ( ၁၃၈ မီတာ) ကို ဘေးအန္တရာယ်ကင်းရှင်းရေးဇုန်အဖြစ် တားမြစ်ထားသည်။ Long Beach ဆိပ်ကမ်းသည် လောစ့်အိန်ဂျလိစ်မြို့လယ်မှ ၂၅ မိုင် ( ၄ဝ ကီလိုမီတာ) အကွာ၌ တည်ရှိပြီး အမေရိကန်နိုင်ငံ၏ ဒုတိယ ကုန်တင်ကုန်ချ အရှုပ်ထွေးဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)