Connect with us

North America

မက္ကဆီကို မြို့တော်ဝန် တာဝန်လွဲပြောင်း ရယူပြီး တစ်ရက် အကြာတွင် အသတ်ခံရ

မက္ကဆီကို မြို့တော်ဝန် ဂီဆယ်လာ မိုတာ (Gisela Mota) အား ကျမ်းသစ္စာကျိန်ဆိုပွဲ ၌ တွေ့ရစဉ်

မက္ကဆီကို စီးတီး၊ ဇန်နဝါရီလ ၃ရက် (ဆင်ဟွာ)

မကြာသေးခင် က ရွေးကောက်ခံထားရသည့် မက္ကဆီကို မြို့တော်ဝန်အသစ် သည် တာဝန်လွှဲပြောင်း ရယူပြီး ၂၄ နာရီ မပြည့်ခင်မှာပင် ဇန်နဝါရီလ ၂ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက် ၃၃ နှစ် အရွယ် ဂီဆယ်လာ မိုတာ (Gisela Mota) သည် မက္ကဆီကို စီးတီး တောင်ပိုင်း ၁၀၀ ကီလို မီတာ အကွာ တွင် ရှိသော Morelos ပြည်နယ် Temixco မြို့တော်ဝန်အဖြစ် နှစ်သစ်ကူးနေ့တွင် ရာထူး လွှဲပြောင်း ရယူခဲ့ကြောင်း သိရသည်။

လုပ်ကြံတိုက်ခိုက်သူများသည် ဇန်နဝါရီလ ၂ရက်နေ့တွင် မိုတာ ၏ အိမ်အတွင်းသို့ ချိုးဖျက်ဝင်ရောက် လာပြီး သူမ၏ အား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ လုပ်ကြံတိုက်ခိုက်သူ နှစ်ဦးမှာ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးသွားပြီး တစ်ဦးကိုမူ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မိုတာသည် ကွန်ဂရက်တွင် လက်ဝဲပါတီ ဗဟိုအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး Temixco မြို့ ၌ ရာဇဝတ်ဂိုဏ်းများ နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ကင်းစင်စေရန် လုပ်ဆောင်သွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရသည်။

Temixco မြို့တွင် အိမ်ခြေ ၁၀၀,၀၀၀ဝန်းကျင်ရှိပြီး Morelos ပြည်နယ်၏ မြို့တော် Cuernavacaနှင့် ရာဇဝတ်မှုများ၊ မူးယစ်ဂိုဏ်းများ ပေါများသည့် Guerrero ပြည်နယ်တို့၏ အိမ်နီးချင်း မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဆယ်စု နှစ်များအတွင်း မက္ကဆီကို နိုင်ငံတွင် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် လူပေါင်း ၁၀၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.