Connect with us

North America

လက်နက် ကိုင်ဆောင်မှု ထိန်းချုပ်ရေး အိုဘားမား ကြေညာရန်ရှိ

လက်နက် ထိန်းချုပ်ခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က သမ္မတ အိမ်ဖြူတော်တွင် အိုဘားမား ကြေညာစဉ် (ဆင်ဟွာ)

ဝါရှင်တန် ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက လက်နက် ကိုင်ဆောင်မှု ထိန်းချုပ်ရေး ပဏာမ လုပ်ဆောင်မှု အား လာမည့် ရက်အတွင်း ကြေညာမည် ဖြစ်ကြောင်းနှင့် ယင်းသည် အခြေခံဥပဒေ အရ လက်နက်ကိုင်ဆောင် နိုင်မှု အခွင့်အရေးနှင့် ကိုက်ညီမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်က ပြောကြားခဲ့သည်။

အိမ်ဖြူတော်တွင် ရှေ့နေချုပ် Loretta Lynch ၊ အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ဂျိမ်းကော်မီ တို့နှင့် တွေ့ဆုံစဉ် တွင် အိုဘားမားက ထိုသို့ မှတ်ချက် ပြုလိုက်ခြင်း ဖြစ်သည်။ နိုင်ငံအတွင်း သေနတ် အကြမ်းဖက်မှုများ ထိန်းချုပ်ရန် သီးသန့် အရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိုဘားမားက ၎င်း၏ အဖွဲ့အား ပြောကြား ခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်မှုများသည် အကြမ်းဖက် မှုခင်းများ သို့မဟုတ် လူအစုလိုက် အပြုံလိုက် ပစ်ခတ်မှုများအား ဖြေရှင်းပေးနိုင်မည် မဟုတ်သော်လည်း ခြောက်လုံးပြူး သေနတ် လွဲမှားစွာ ကိုင်ဆောင်မှုကြောင့် ဖြစ်ပေါ်လာ သည့် အကျိုးဆက် အဖြစ် မိသားစုများ နာကျင်စေမှုနှင့် အသက် အန္တရာယ်များမှ ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ကြောင်း အိုဘားမားက ပြောသည်။

ဇန်နဝါရီလ ၁ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန် အပတ်စဉ် ရေဒီယို မိန့်ခွန်း ပြောကြားရာတွင် သေနတ် အကြမ်းဖက်မှု ထိန်းချုပ်ရန်အတွက် ဥပဒေပြုပေးရန် လွှတ်တော်တွင် ရှုံးနိမ့်မှုအပေါ် အိုဘားမားက ပေါက်ကွဲခဲ့သည်။

“အကြမ်းဖက်မှု လုပ်ရပ်တိုင်းကို ကျွန်တော်တို့ မရပ်တန့်နိုင်ပါဘူး၊ ဒါပေမဲ့ တစ်ခုတလေတောင်မှ ကျွန်တော်တို့ ကြိုးစားရင် မဖြစ်နိုင်ဘူးလား၊ ဥပဒေပြု လွှတ်တော်က ပြောခဲ့ လုပ်ခဲ့တယ် ဆိုရင် ကျွန်တော်တို့ ကလေးတွေ လက်နက် အကြမ်းဖက်မှုကနေ ကာကွယ်နိုင်မှာ မဟုတ်ဘူးလား” ဟု အိုဘားမားက ပြောသည်။

လာမည့် ကြာသပတေးနေ့ (ဇန်နဝါရီ ၇ ရက်) တွင် CNN မှ အန်ဒါစန် ကူးပါး နှင့်အတူ Town Hall တွင် ပြုလုပ်မည့် လက်နက်ကိုင် အကြမ်းဖက်မှု လျှော့ချရေး တိုက်ရိုက် ထုတ်လွှင့်ခြင်း အစီအစဉ်တွင် သမ္မတ အိုဘားမား ပါဝင်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.