Connect with us

North America

နှစ်သစ်ကူး အားလပ်ရက် ခြိမ်းခြောက်မှုများ အတွက် အမေရိကန် လုံခြုံရေး တင်းကျပ်

နှစ်သစ်ကူး ကြိုဆိုပွဲ ကျင်းပမည့် နေရာများတွင် အမေရိကန် ရဲတပ်ဖွဲ့များ လုံခြုံရေး တာဝန် ထမ်းဆောင်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

အမေရိကန် ပြည်ထောင်စုနှင့် ပြည်တွင်း လုံခြုံရေး အရာရှိများက အမေရိကန်နိုင်ငံတွင် နှစ်သစ်ကူး ကြိုဆိုပွဲ များ ကျင်းပမည့် နာမည်ကြီး နေရာများနှင့် နှစ်သစ်ကူး အားလပ်ရက် များအတွင်း လုံခြုံရေး ခြိမ်းခြောက်မှုများ ရှိနိုင်မည့် နေရာများအား လုံခြုံရေး တင်းကျပ်ထားကြောင်း ပြည်တွင်း မီဒီယာက ဒီဇင်ဘာလ ၃၁ ရက်က တင်ပြ ထားသည်။

အဆိုပါ ခြိမ်းခြောက်မှုများ အနက် အမေရိကန်မြို့များ ဖြစ်သည့် နယူးယောက်၊ လော့စ်အိန်ဂျလစ် နှင့် ဝါရှင်တန် မြို့များတွင် ခရစ္စမတ်နှင့် နှစ်သစ်ကူး အားလပ်ရက်များ အကြား တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ပြည်ပမှ ခြိမ်းခြောက်မှု တစ်ရပ် ရရှိထားကြောင်း အမည်မဖော်လိုသော အကြီးတန်း အရာရှိ၏ ပြောစကားကို ကိုးကား၍ သတင်းဋ္ဌာနက တင်ပြထားသည်။ ထိုသတင်းမှာ သတင်းရင်းမြစ် တစ်ခုထဲကိုသာ အခြေခံထားပြီး အတည်မပြုနိုင်သေးကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

သတင်း တင်ပို့ထားချက်အရ အမေရိကန် လုံခြုံရေး အရာရှိများသည် နယူးယောက် Times Square နှင့် လော့စ် အိန်ဂျလစ် အနီးတွင် ပြုလုပ်မည့် ပျော်ရွှင်ဖွယ် Rose Bowl အစီအစဉ်များ ကျင်းပမည့် နေရာများအား အမေရိကန် လုံခြုံရေး အရာရှိများက လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။
နယူးယောက်တွင် ရဲအရာရှိ ၆,၀၀၀၊ လုံခြုံရေး ခွေးများ၊ လေကြောင်းနှင့် ရေကြောင်း ကင်းလှည့်ခြင်းနှင့် လက်ဖြောင့် တပ်သားများသည် Times Square တွင် တာဝန် ချထားကြောင်းနှင့် နှစ်သစ်အကြို ball drops အစီအစဉ် အတွက် လာရောက်ကြမည့် ခရီးသွား ဧည့်သည်ပေါင်း ၁ သန်းခန့်အား လုံခြုံရေး ပေးနိုင်မည် ဖြစ်ကြောင်း နယူးယောက် မြို့တော်ဝန်က ပြောသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.