Connect with us

North America

ယွမ်ငွေကို နိုင်ငံတကာ အရန်ငွေတွင် ပထမဆုံးအကြိမ် ကမ္ဘာသုံး ယွမ်ငွေအဖြစ် အိုင်အမ်အက်ဖ် ထုတ်ပြန်

တရုတ် ယွမ်ငွေများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာ ငွေကြေးလဲလှယ်မှု အရန်ငွေတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ငွေကြေး ယွမ်ငွေ ပါဝင်မှု အချက်အလက်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မတ်လ၃၁ ရက်က ထုတ်ပြန်လိုက်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံတကာ ငွေကြေးလဲလှယ်မှု အရန်ငွေတွင် ပါဝင်လာသည့် ယွမ်ငွေမှာ အမေရိကန် ဒေါ်လာ ၈၄.၅၁ ဘီလီယံရှိခဲ့ကာ ကမ္ဘာ့ နိုင်ငံခြားငွေကြေး လဲလှယ်မှု အရန်ငွေ စုစုပေါင်း၏ ၁.၀၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း အိုင်အမ်အက်ဖ်က သုံးလတစ်ကြိမ် ထုတ်ပြန်သည့် တရားဝင် နိုင်ငံခြားငွေကြေး လဲလှယ်မှုအရန်ငွေ တရားဝင် ငွေကြေး ပေါင်းစည်းရေး (COFER) အချက်အလက်အရ သိရသည်။

ယွမ်ငွေနှင့် ပတ်သက်၍ အိုင်အမ်အက်ဖ်က ယခုလို ထုတ်ပြန်ခြင်းသည် ပထမဆုံးဖြစ်သည်။ ယခင်က COFER တွင် အမေရိကန် ဒေါ်လာ၊ ပေါင် စတာလင်၊ ဂျပန် ယန်း၊ ဆွစ် ဖရန့်စ်၊ ကနေဒါ ဒေါ်လာ၊ သြစတြေးလျ ဒေါ်လာနှင့် ယူရိုတို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ယခုလို ပြောင်းလဲလာခြင်းက တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်အခြေခံ စီးပွားရေးစနစ် ပိုမို မြှင့်တင်လာသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသည့်အတွက် ယွမ်ငွေအား နိုင်ငံတကာ သုံးစွဲရန် အသိအမှတ်ပြုလာခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မတ်လကုန်တွင် နိုင်ငံတကာ ငွေကြေး လဲလှယ်မှု အရန်ငွေတွင် အမေရိကန် ဒေါ်လာ ပါဝင်မှုမှာ ၅၀၅၂.၉၄ ဘီလီယံ ရှိကာ ကမ္ဘာ့ ငွေကြေး စုစုပေါင်း၏ ၆၃.၉၆ ရာခိုင်နှုန်းဖြင့် ပထမနေရာတွင် ရှိနေပြီး၊ ယူရိုငွေက ၁၉.၇၄ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေကြောင်း COFER အချက်အလက်များအရ သိရသည်။နိုင်ငံခြား ငွေကြေးဆိုင်ရာ COFER စာရင်းများကို အိုင်အမ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများ၊ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများ သို့မဟုတ် စီးပွားရေးများနှင့် အခြား သီးခြားရပ်တည်နေသော နိုင်ငံများရှိ သတင်းထောက် ၁၄၆ ဦးထံမှ အချက်အလက် ရယူခဲ့ခြင်း ဖြစ်သည်။COFER ၏ သုံးလတစ်ကြိမ် ထုတ်ပြန်သည့် အချက်အလက်များနှင့် စစ်တမ်းတွင် အဖွဲ့ဝင်များ၏ စေတနာအလျောက် ပါဝင်မှုများအပေါ် အခြေခံကာ အိုင်အမ်အက်ဖ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.