Connect with us

North America

အမေရိကန် တက္ကဆက်ပြည်နယ်တွင် ဘုရားကျောင်း ကြိုပို့ယာဉ်နှင့် ပစ်ကပ်ကား တိုက်မိခြင်းကြောင့် လူ ၁၂ ဦး သေဆုံး

မျက်နှာချင်းဆိုင် တိုက်မိသည့် ယာဉ် နှစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟို့စ်တန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဘုရားကျောင်း ကြိုပို့ယာဉ် ဘတ်စ်ကား တစ်စီးနှင့် ပစ်ကပ်ကား တစ်စီးတို့ မတ်လ ၂၉ ရက်က တိုက်မိခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ဆန်အန်တိုနီယိုမြို့ အနောက်ဘက် ၁၂၀ ကီလိုမီတာအကွာရှိ ပန်းခြံ တစ်ခုပြင်ပ၌ ဒေသစံတော်ချိန် ညနေ ၁၂း၂၀ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း တက္ကဆက်ပြည်နယ် ပြည်သူ့ လုံခြုံရေးဋ္ဌာနထံမှ သိရသည်။

New Braunfels မြို့ First Baptist Church မှ လူ ၁၄ ဦး တင်ဆောင်လာသော ဘုရားကျောင်း ကြိုပို့ဘတ်စ်ကားသည် တက္ကဆက်ပြည်နယ် အလယ်ပိုင်း အမှတ် ၈၃ အဝေးပြေးလမ်းမကြီးပေါ်တွင် တောင်ဘက်သို့ ဦးတည်သွားနေစဉ်၌ မျက်နှာချင်းဆိုင်ဘက်မှ လာသော ပစ်ကပ်ထရပ်ကား တစ်စီးနှင့် ဝင်တိုက်မိခြင်း ဖြစ်သည်။

ဆေးကုသမှု ခံယူရန်အတွက် ဒဏ်ရာရရှိသူများအား ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း သိရပြီး ပစ်ကပ် ယာဉ်မောင်း သေဆုံးခြင်း ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရသေးကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုအား စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား မသိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.