Connect with us

North America

သမ္မတထရမ့်အစိုးရအဖွဲ့က နယ်စပ်တံတိုင်းတည်ဆောက်ရန် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစာရိတ်ထဲမှ ခွင့်ပြုငွေ ၃.၆ ဘီလီယံ ရယူဟု သိရ

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းတည်ဆောက်ရန် ကာကွယ်ရေးဝန်ကြီးဌာနအား ခွင့်ပြုငွေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ လမ်းကြောင်းလွှဲပြောင်း သုံးစွဲလိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော်ဝန်ထမ်းများ နှင့် ဒီမိုကရက်တစ်များ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်မီဒီယာများက ဖော်ပြခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Mark Esper က စစ်ဖက်ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းများအတွက် ခွင့်ပြုငွေကို နယ်စပ်တံတိုင်းတည်ဆောက်ရေးတွင် အသုံးပြုရေးအတွက် အစီအမံပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းကို အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ (Nancy Pelosi) နှင့် အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချားလ်စ်ရှူးမား(Charles Suchumer) တို့အပါအဝင် ကွန်ဂရက်ခေါင်းဆောင်များအား အသိပေးခဲ့ကြောင်း The Hill နေ့စဉ်သတင်းစာက ဆိုသည်။

အမေရိကန် – မက္ကဆီကို နှစ်နိုင်ငံ နယ်စပ်တံတိုင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ထောက်ပံ့ငွေ ထက်ဝက်ကျော်ကို အမေရိကန်နိုင်ငံပြင်ပရှိ စစ်ဖက်ဆိုင်ရာ တည်ဆောက်ရေးစီမံကိန်းများထံမှ ရရှိမည်ဖြစ်ပြီး ကျန်တစ်ဝက်ကို နိုင်ငံအတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများမှ ရရှိမည်ဖြစ်ကြောင်း Politico ဝက်ဆိုက်၏ သတင်းဖော်ပြချက်တစ်ခုအရ သိရသည်။

ယင်းနှင့်ပတ်သက်၍ ရှူးမားက “ သမ္မတဟာ ကွန်ဂရက်ရဲ့ လုပ်ပိုင်ခွင့်ကို ထိန်းချုပ်ဖို့ နဲ့ကျွန်တော်တို့နိုင်ငံစစ်တပ်ရဲ့ မဖြစ်မနေသုံးရမယ့် ရန်ပုံငွေတွေကို အပိုင်စီးဖို့ကြိုးစားနေတာပါ။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ စစ်သားတွေအပေါ် စော်ကားမှုတစ်ခုဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက လိုအပ်နေတဲ့ ရန်ပုံငွေတွေ လုယူလိုက်ခြင်းပဲဖြစ်ပါတယ်။ ကွန်ဂရက်အနေနဲ့တံတိုင်းသစ်တည်ဆောက်ဖို့အတွက် ဘယ်ရန်ပုံငွေကို မဆို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ပါတယ် ” ဟု ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော ဖေဖော်ဝါရီတွင် တိုင်းပြည်အရေးပေါ်အခြေအနေတစ်ခုကြေညာခဲ့ပြီး အမေရိကန်-မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းတည်ဆောက်ရေးအတွက် အခြားသော ပြည်ထောင်စု ငွေစာရင်းများမှ ရန်ပုံငွေ ထုတ်ယူရန် အမိန့်ပေးခဲ့သည်။ စစ်ဖက်ဆိုင်ရာတည်ဆောက်ရေးစီမံကိန်းများအပြင် ဘဏ္ဍာရေးဝန်ကြီးဌာန ငွေစာရင်း နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးဆောင်ရွက်ချက်များအား သမ္မတအမိန့်ဖြင့် လွှမ်းမိုးဆောင်ရွက်ခဲ့ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.