Connect with us

North America

အမေရိကန်နိုင်ငံရေးတွင် ဝင်ရောက်ခြေရှုပ်ရန်ကြိုးပမ်းနေသည့် စွပ်စွဲ ချက်ဖြင့် ရုရှားလူမျိုးတစ်ဦးကို အမေရိကန် ဖမ်းဆီး

အမေရိကန်နိုင်ငံ တရားရုံးချုပ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတရားဌာန(DOJ) က အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၌ ဝင်ရောက်ခြေရှုပ်ရန် ကြိုးပမ်းနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားလူမျိုး အမျိုးသမီးတစ်ဦးကို ဇူလိုင် ၁၆ ရက်တွင် ဖမ်းဆီးတရားစွဲဆိုလိုက်ကြောင်း သိရသည်။

အသက် ၂၉ နှစ်အရွယ် Maria Butina ဆိုသူ အမျိုးသမီးအား ၎င်းနေထိုင်ရာ ဝါရှင်တန်ဒီစီမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း DOJ ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

Butina အားတရားစွဲဆိုခဲ့သည့် ရုံးတော်ကပြောကြားရာတွင် Butina ၏အပြုအမူမှာ ရုရှားသူလျှိုတစ်ယောက်ကဲ့သို့ဖြစ်နေပြီး “ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးမှာ ဝင်ရောက်လွှမ်းမိုးဖို့ လူပုဂ္ဂိုလ်အချို့၊ အဖွဲ့အစည်းအချို့နဲ့ဆက်ဆံရေးတည်ဆောက်နေပါတယ်” ဟု ဆိုသည်။

Butina သည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ရုရှားသမ္မတပူတင် တို့၏ ဆွေးနွေးပွဲပျက်ပြားအောင် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာက ဖော်ပြခဲ့သည်။

တရားရုံး၏ စွပ်စွဲချက်များထဲတွင် Butina ၏ လှုပ်ရှားမှုများသည် ရုရှားအစိုးရ၏ သူလျှိုတစ်ယောက်ကဲ့သို့ဖြစ်နေကြောင်းဆိုသည်။ ၎င်းသည် အမေရိကန်နိုင်ငံသို့ကျောင်းသားဗီဇာဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Butina အား ပဏာမကြားနာစစ်ဆေးမှုကို ဇူလိုင်၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ အကယ်၍ ပြစ်မှုထင်ရှားပါက ၎င်းအနေဖြင့် ပူးပေါင်းကြံစည်မှုအတွက် ထောင်ဒဏ် ၅ နှစ်ကျခံရမည်ဖြစ်သည်။

အမေရိကန်သမ္မတထရမ့် နှင့် ရုရှားသမ္မတပူတင်တို့ဖင်လန်နိုင်ငံ၌ တွေ့ဆုံမည်ဟု ကြေညာချက်တွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံသားများပါဝင်ပတ်သက်နေသည့် လေးခုမြောက် အမှုအခင်းတစ်ခုဖြစ်ကြောင်း DOJ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးသမားတွေကို အပြည့်အဝယုံကြည်မှုရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက သမ္မတပူတင်ဟာ ဒီနေ့အချိန်အခါမှာ အင်မတန်အင်အားကြီးမားသလို ငြင်းပယ်နိုင်စွမ်းအားလည်းကြီးပါတယ်” ဟု ဟဲလ်ဆန်ကီး၌ ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က ပြောကြားခဲ့သည်။

DOJ က ပြီးခဲ့သော သောကြာနေ့တွင် ပြောကြားရာ၌ ၂ဝ၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲနှင့်ဆက်စပ်ပြီး ကွန်ပြူတာစနစ်ထဲသို့ထိုးဖောက်ဝင်ရောက်ရန် လုပ်ဆောင်ခဲ့သည့် ရုရှားလူမျိုး ၁၂ ဦးကို တရားစွဲဆိုထားကြောင်း သိရသည်။

နောက်ဆုံးသိရသော အချက်အလက်များအရ အမေရိကန်နိုင်ငံရွေးကောက်ပွဲ နှင့် နိုင်ငံရေးတွင် ဝင်ရောက်နှောင့်ယှက်ရန် ကြိုးပမ်းမှုစွပ်စွဲချက်ဖြင့် ရုရှားနိုင်ငံသား ၂၇ ဦးကို တရားစွဲဆိုထားသည်။ ထရမ့်ရွေးကောက်ပွဲ မဲဆွယ်မှုတွင် မည်သည့် လျှို့ဝှက်ပူးပေါင်းကြံစည်မှုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အိမ်ဖြူတော်က ငြင်းဆိုထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.