Connect with us

North America

အမေရိကန် နိုင်ငံတွင် ကျောင်းဝင်း အတွင်း၌ သေနတ် ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားကာ လူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့

သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် Northern Arizona တက္ကသိုလ်၏ အပြင်ဘက်တွင် ကျောင်းသားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Northern Arizona တက္ကသိုလ်တွင် အောက်တိုဘာ ၉ ရက်နေ့၌ ကျောင်းဝင်း အတွင်း သေနတ် ပစ်ခတ်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး ကျောင်းသား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယင်းတက္ကသိုလ် ၏ ပြောရေး ဆိုခွင့်ရှိသူက သေနတ် ပစ်ခတ်သူ အား ဖမ်းဆီး နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အောက်တိုဘာ ၉ ရက်နေ့ ဒေသ စံတော်ချိန် ည ၉ နာရီ ၂၀ မိနစ် ခန့်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ရဲဌာနမှ သတင်း ရရှိခဲ့သည်။ ပစ်ခတ်မှုကို ပြုလုပ်ခဲ့သော အကြောင်းရင်းကို မသိရှိရသေးကြောင်း သိရှိရသည်။

ယခု ဖြစ်ပွားခဲ့သော သေနတ် ပစ်ခတ်မှုသည် ဤလ အတွင်း ကျောင်းဝင်း အတွင်း၌ ဖြစ်ပွား ခဲ့သည့် ဒုတိယ မြောက် သေနတ် ပစ်ခတ်မှု ဖြစ်သည်။ အောက်တိုဘာ ၁ ရက်နေ့ကလည်း သေနတ် သမား တစ်ဦးမှ ကျောင်းဝင်း အတွင်း ဝင်ရောက် ပစ်ခတ် ခဲ့ပြီး ၁၀ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့သည်။ (Xinhua)