Connect with us

North America

အိုဘားမား က အမေရိကန် စစ်တပ် ၏ အာဖဂန်နစ္စတန် နိုင်ငံ အတွင်း ရှိ ဆေးရုံအား မှားယွင်း ဗုံးကျဲ တိုက်ခိုက် ခဲ့သည့်အတွက် တောင်းပန်

အမေရိကန် နိုင်ငံ သမ္မတ အိုဘားမား အား အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု တွင် မြင်တွေ့ ခဲ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

အပြည်ပြည် ဆိုင်ရာ ကျန်းမာရေး ကူညီထောက်ပံ့ရေး အဖွဲ့ “နယ်စီးမခြား ဆရာဝန်များအဖွဲ့” ၏ အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ ဆေးရုံ အား အမေရိကန် စစ်တပ် က ပြီးခဲ့သည့် ရက်ပိုင်းတွင် မှားယွင်း ဗုံးကျဲ တိုက်ခိုက် ခဲ့သည့် အတွက် ထိုအဖွဲ့အစည်းကို အောက်တိုဘာလ ၇ ရက်တွင် အိုဘားမား က တောင်းပန် ခဲ့သည်။

အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ Josh Eernest မှ အောက်တိုဘာလ ၇ ရက်က ပြုလုပ် သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် သမ္မတ အိုဘားမား က “နယ်စီးမခြား ဆရာဝန်များအဖွဲ့” ထံသို့ ဖုန်းဆက်၍ အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ ယင်းကိစ္စ ရပ်နှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု များ ပြုလုပ်နေကြောင်း ၊ ယင်းကိစ္စ နှင့် ပတ်သက်သည့် အမှန်တကယ် အခြေအနေ များကို ပွင့်လင်းမြင်သာမှု ရှိစွာ ဆုံးဖြတ်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။

“နယ်စီးမခြား ဆရာဝန်များအဖွဲ့” ၏ အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ ဆေးရုံသည် အောက်တိုဘာလ ၃ ရက် နေ့က အမေရိကန် နိုင်ငံ ၏ ဗုံးကျဲ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး ဆေးရုံဝန်ထမ်း ၁၂ ဦး ၊ ကလေးငယ် ၃ ဦး နှင့် လူနာ ၁၀ ဦး သေဆုံး ခဲ့ရသည်။“နယ်စီးမခြား ဆရာဝန်များအဖွဲ့”က၎င်း ဗုံးကျဲ တိုက်ခိုက်မှု သည် စစ်ရာဇဝတ်မှု တစ်ခု ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

အမေရိကန် စစ်တပ် ကလည်း အောက်တိုဘာလ ၆ ရက်က အမေရိကန် စစ်တပ် အနေဖြင့် အောက်တိုဘာလ ၃ ရက် က ဆေးရုံ အား မှားယွင်း တိုက်ခိုက်မိကြောင်း ထုတ်ပြန် ခဲ့သည်။ (Xinhua)