North America
အမေရိကန် နိုင်ငံ မှ ရုရှား နိုင်ငံ ဖက်ဒရယ် လုံခြုံရေး ဌာန အပေါ် ထားရှိသည့် ပိတ်ဆို့အရေးယူမှု များကို ပြင်ဆင်

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ယခင် အိုဘားမား အစိုးရ မှ ချမှတ်ခဲ့သည့် ရုရှား နိုင်ငံ ဖက်ဒရယ် လုံခြုံရေး ဌာန အပေါ် ပိတ်ဆို့အရေးယူမှု များကို ပြင်ဆင်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ မှ ကုမ္ပဏီ များအနေဖြင့် သတင်းအချက်အလက် နည်းပညာ ထုတ်ကုန် အချို့ကို ရုရှား နိုင်ငံ မှ ဖက်ဒရယ် လုံခြုံရေး ဌာန နှင့် ဖလှယ်မှုများ ပြုလုပ်ခြင်း ကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန် ခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Spicer က သတင်းစာရှင်းလင်းပွဲတွင် ယခု ပြုလုပ် ခဲ့သည့် ပြင်ဆင်မှု သည် ပုံမှန် ဆောင်ရွက်မှု တစ်မျိုးသာဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှု များကို ဖြေလျှော့ ပေးနေသည်ဟု သတ်မှတ်၍ မရကြောင်း ပြောကြား ခဲ့သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် အမေရိကန် နိုင်ငံ သမ္မတ တာဝန် ထမ်းဆောင်နေသည့် အိုဘာမား က ရုရှား နိုင်ငံသည် အင်တာနက် တိုက်ခိုက်မှုများ ဆောင်ရွက်ခြင်းဖြင့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကို ဝင်ရောက်စွက်ဖက် ခဲ့သည်ဟု သတ်မှတ်ကာ ရုရှား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများကို ပြုလုပ်ရန် ကြေညာ ခဲ့သည်။အရေးယူ ပိတ်ဆို့မှု တွင် ရုရှား နိုင်ငံ သတင်းအချက်အလက် ဌာနချုပ် နှင့် ရုရှား နိုင်ငံ ဖက်ဒရယ် လုံခြုံရေး ဌာန အပါအဝင် ရုရှား နိုင်ငံ မှ အဖွဲ့အစည်း ၅ ခုနှင့် ရုရှား သတင်းအချက်အလက် ဌာနချုပ် မှ အရာရှိ ၄ ဦးတို့ကို အရေးယူ ပိတ်ဆို့မှုများဆောင်ရွက်ခဲ့သည်။
လက်ရှိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့သည့်လ တွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာ တစ်ခု၏ အင်တာဗျူးတွင် ရုရှား နိုင်ငံ အနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကဏ္ဍတွင် အမေရိကန် နိုင်ငံ အတွက် အကျိုးရှိမည် ဆိုပါက အိုဘားမား အစိုးရ မှ ချမှတ်ခဲ့သည့် ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှား နိုင်ခြေ ရှိကြောင်း ပြောကြားခဲ့သည်။(Xinhua)