Connect with us

North America

ယူကရိန်း၊ ရုရှားတို့နှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းရန် အားထုတ်လုပ်ဆောင်သွားမည်ဟု ထရမ့် ကတိပြု

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း-ရုရှား နယ်စပ် တစ်လျှောက်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ယူကရိန်း၊ ရုရှားနှင့် အခြား အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၄ ရက်က ပြောကြားလိုက်သည်။

ယင်း ကတိပြုမှုအား ယူကရိန်းနိုင်ငံ သမ္မတ Petro Poroshenko နှင့် တယ်လီဖုန်း ပြောကြားစဉ်တွင် ထရမ့်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မကြာမီ ပြုလုပ်ရန်ရှိသော ဆွေးနွေးပွဲအတွက်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ သမ္မတ Petro Poroshenko အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ယူကရိန်း အရှေ့ပိုင်းတွင် မကြာသေးမီ နေ့များက ဖြစ်ပွားခဲ့သော အပစ်အခတ်ရပ်စဲရေး စာချုပ် ချိုးဖောက်မှုများနှင့် ဒုံးကျည်စနစ်များ ကျယ်ပြန့်စွာ အသုံးပြုခြင်း စသည့် အခြေအနေများ ဆိုးဝါးလာခဲ့ပြီးနောက် ယခုလို နှစ်နိုင်ငံ ခေါင်းဆောင်များ တယ်လီဖုန်း ပြောဆိုမှု ပေါ်ထွက်လာရခြင်း ဖြစ်သည်။

ထို့ပြင် ထရမ့်သည် အီတလီ ဝန်ကြီးချုပ် Paolo Gentiloni နှင့်လည်း ဖေဖော်ဝါရီလ ၄ ရက်က ဖုန်းဆက်ကာ လုံးခြုံရေးနှင့် အကြမ်းဖက်မှု ဆန့်ကျင်ရေး အပါအဝင် ကိစ္စရပ်များတွင် နှစ်နိုင်ငံ အခိုင်အမာ ပူးပေါင်း ဆောင်ရွက်ကြရန်၊ လစ်ဗျားအရေး၊ ဥရောပသို့ ရွှေ့ပြောင်း လုပ်သားများနှင့် ဒုက္ခသည်များ စုပြုံ ဝင်ရောက်လာခြင်း၊ အီတလီနိုင်ငံ၏ ဦးစားပေး အခန်းကဏ္ဍများနှင့် အီတလီတွင် ကျင်းပမည့် G7 အစည်းအဝေး စသည့် အကြောင်းအရာများ ဆွေနွေးခဲ့ကြောင်း သိရသည်။

အိုင်အက်စ် (IS) အဖွဲ့နှင့် အခြား အကြမ်းဖက် အဖွဲ့အစည်းများအား အမြစ်ပြတ် ချေမှုန်းရန် လုပ်ဆောင်ရာတွင်လည်း နီးကပ်စွာ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူခဲ့ကြသည်။

ထိုသို့ တယ်လီဖုန်းဆက် ပြောကြားရာတွင် နေတိုး (NATO) အဖွဲ့ဝင် နိုင်ငံများအားလုံးအနေဖြင့် ကာကွယ်ရေးအတွက် သုံးစွဲရာတွင် ငွေကြေး အခက်အခဲများ မျှဝေရေးအတွက် ထရမ့်က အလေးထား ပြောကြားခဲ့ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်အရ သိရသည်။

အီတလီနိုင်ငံ Taormina မြို့တွင် ပြုလုပ်မည့် G7 ထိပ်သီး အစည်းအဝေးသို့ ထရမ့် တက်ရောက်ရန်လည်း သဘောတူခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.