North America
အလက်စကာပြည်နယ်တွင် ပြင်းအား ၇.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Anchorage မြို့တွင် ဒီဇင်ဘာလ ၁ ရက် ပေကျင်းစံတော်ချိန် နံနက် ၁း၂၉ နာရီက ပြင်းအား ၇.၂ ရှိသော အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ ငလျင်ကွန်ရက်စင်တာ (CENC) အရ သိရသည်။
အဆိုပါ ငလျင်သည် မြောက်လတ္တီကျု ၆၁.၃၅ ဒီဂရီနှ့် အနောက်လောက်ဂျီကျု ၁၅၀.၀၆ ဒီဂရီအကြား၊ မြေအောက်အနက် ၄၀ ကီလိုမီတာ၌ ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စင်တာက ပြောကြားခဲ့သည်။ (Xinhua)