Connect with us

North America

အမေရိကန်နိုင်ငံ မယ်ရီလန်းရှိ စစ်ဆေးရုံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား

ပစ်ခတ်မှုဖြစ်ပွားသော အမေရိကန်နိုင်ငံ မယ်ရီလန်းရှိ စစ်ဆေးရုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် Bethesda ရှိ စစ်ဆေးရုံတစ်ခု၌ သေနတ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဖော်ပြခဲ့သည်။

အချင်းဖြစ်နေရာသည် ဝါရှင်တန်ဒီစီမြို့အပြင်ဘက် အနည်းငယ်အကွာ မယ်ရီလန်းပြည်နယ် Bethesda မြို့ရှိ Walter Reed စစ်ဆေးရုံတွင်ဖြစ်ကြောင်း သိရသည်။

မယ်ရီလန်ပြည်နယ်၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်ရွေးကောက်တင်မြှောက်ခံရသူ အမေရိကန်နိုင်ငံ လွှတ်တော်အမတ် Dutch Ruppersberger က တွစ်တာ၌ ရေးသားရာတွင် ၎င်း နှင့် အခြား လူ ၄ဝ ကျော်သည် ဆေးရုံ၏ အစည်းအဝေးခန်းမတစ်ခုအတွင်း ဘေးကင်းလုံခြုံစွာရှိကြောင်း နှင့်အချင်းဖြစ်နေရာတွင် သေနတ်သမားတစ်ဦး ရှိကြောင်းပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခြားအသေးစိတ်အကြောင်းအရာကို ချက်ချင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.